Trending Now

ရတနာပုံတံတား (ဧရာဝတီ)အဆင်းတွင် ၆ ဘီးကားဘရိတ်ပေါက်ရာမှ ကား ၄စီးဆင့်တိုက်မှု ဖြစ်ပွား

Spread the love

ရတနာပုံတံတား (ဧရာဝတီ)အဆင်းတွင် ၆ ဘီးကားဘရိတ်ပေါက်ရာမှ ကား ၄စီးဆင့်တိုက်မှု ဖြစ်ပွား

EPN
အမရပူရ၊ ဖေဖော်ဝါရီ-၂၃ (၂၀၂၄)

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ရတနာပုံတံတား (ဧရာဝတီ)အဆင်းတွင် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်၊ နံနက်ပိုင်းက ၆ ဘီးကားဘရိတ်ပေါက်ရာမှ ကား ၄စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီ ၄၈ မိနစ်ခန့်က အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာရှိ စစ်ကိုင်း-မန္တလေးသွား ကားလမ်း၏ ရတနာပုံတံတား (ဧရာဝတီ)အဆင်း၊ နှာပေါက်တိုးဂိတ် အနီးတွင် (၆)ဘီးကား (အဖြူရောင်) ဘရိတ်ပေါက်ကာ ကားရှေ့ရှိ SUZUKI CARRY (အဖြူရောင်)ကား၊ Super Custom (အညိုရောင်)ကားနှင့် NISSAN (၁၂) ဘီး (ခဲရောင်)ကားတို့အား ဆက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် (၆)ဘီးကားခေါင်းခန်းတွင် လိုက်ပါလာသည့် ယာဥ်နောက်လိုက် အမျိုးသားမှာ ခေါင်းခန်းအတွင်း၌ ညပ်နေသဖြင့် အမရပူရမြို့နယ် မီးသတ်စခန်း၊ ဘုံးအိုး အရန်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

ယင်းကဲ့သို့ ပြုလုပ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၅ မိနစ်တွင် ခေါင်းခန်းအတွင်း ညပ်နေသည့် ယာဥ်နောက်လိုက်အား ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာများ ရရှိထားသဖြင့် သံဝေဂဉာဏ လူမှုကူညီရေးအသင်းမှ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။