Trending Now

မြစ်ကြီးနား ကြက်ပေါင်ခြံရပ်ကွက်တွင် မူးယစ်ဆေးသုံးစွဲပြီး သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားရုပ်အလောင်းတစ်ခုတွေ့ရှိ

Spread the love

မြစ်ကြီးနား ကြက်ပေါင်ခြံရပ်ကွက်တွင် မူးယစ်ဆေးသုံးစွဲပြီး သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားရုပ်အလောင်းတစ်ခုတွေ့ရှိ

EPN

မြစ်ကြီးနား၊ စက်တင်ဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက် မနောဦးပိန်တံတားအနီးတွင် မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး ရုပ်အလောင်းတစ်ခုကို ယမန်နေ့ ည ၈ နာရီခန့်က တွေ့ရှိခဲ့ကြောင်း မျိုးဆက် သစ်လူမူကယ် ဆယ်ရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ကြက်ပေါင်ခြံရပ်ကွက် မနောဦးပိန်တံတားအနီး ခြံကွက်လပ်တစ်ခုတွင် အမျိုးသားတစ်ဦး မူးယစ်ဆေးသုံး စွဲပြီးသေဆုံးနေကြောင်း ပြည်သူများမှ တာဝန်ရှိသူများထံဆက်သွယ်အကြောင်းကြားလာသည့်အတွက် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအမျိုးသားမှာ မူးယစ်ဆေးကြောင့် သေဆုံးသည်ဟု ယူဆရပြီး သေဆုံးနေသည်မှာ နှစ်ရက်ခန့်ရှိနေပြီဖြစ်ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျွန်တော်တို့လည်း သတင်းကြားတာနဲ့သွားတဲ့ခါ အဲ့အမျိုးသားက သေနေတာ ကြာနေပြီဆိုတာသိရတယ်။ သူ့ခန္ဒာကိုယ်ကိုလှည့်လိုက်တဲ့အခါ သူ့အသားအရေခွံတွေက ကွာကျလာတယ်။ ပတ်ဝန်းကျင်တွေပြောတာတော့ ဆေးသုံးပြီးသေတယ်လို့ပြောကြတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ဆေးရုံကဆရာဝန်တွေစစ်ဆေးချက်အရ လည်း မူးယစ်ဆေးကြောင့်သေတာလို့ပြောကြတယ်။ လူနာပိုင်ရှင်တော့ အခုထိ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ သေဆုံးခဲ့သည့်အမျိုးသားမှာ အသက်(၅၀) ဝန်းကျင်ခန့်ရှိပြီး လက်ရှိအချိန်ထိ ၎င်း၏နာမည်၊ ဆွေမျိုး၊ မိဘများမှာ မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။