Trending Now

ဟင်္သာတမြို့ ယာဉ်ထိန်းရဲစခန်းအနီး ဗုံးခွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီခံခဲ့ရသည့် ဒေသခံ ၃၀ အနက် ခြောက်ဦး ပြန်လည်လွတ်မြောက်

Spread the love

ဟင်္သာတမြို့ ယာဉ်ထိန်းရဲစခန်းအနီး ဗုံးခွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီခံခဲ့ရသည့် ဒေသခံ ၃၀ အနက် ခြောက်ဦး ပြန်လည်လွတ်မြောက်

EPN
ဟင်္သာတ ၊ ဒီဇင်ဘာ ၅

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီး ယာဉ်ထိန်းရဲတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၃၀ ကျော် အနက် ၆ ဦးမှာ ယမန့်နေ့က ပြန်လွတ်လာပြီဖြစ်ကြောင်းသိရသည်။

ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ ဟင်္သာတမြို့၊ကျောက်တော်ကြီးကုန်းဆင်း ၊ ဟင်္သာရုပ်အဝိုင်းနှင့် ယာဉ်ထိန်းရဲစခန်းအနီး ဆိုင်ကယ်များ စစ်ဆေးသည့်နေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသည့် ယာဉ်ထိန်းရဲ လေးဦးအနက် တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် သုံးရက်အတွင်း ဒေသခံ ၃၀ ကျော်ကို သက်ဆိုင်ရာမှ စစ်ဆေးမေးမြန်ရန်ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ယမန်နေ့တွင် ခြောက်ဦးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ကျန်ရှိသည့် ဒေသခံ၂၄ ဦးကို ဆက်လက်ထိန်းသိမ်းခံထားရသော်လည်း လက်ရှိအချိန်အထိ အမှုဖွင့်ထားခြင်းမရှိသေးကြောင်း သိရသည်။
သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။