Trending Now

ဆိုင်ကလုန်းမုန်တိုင်း နာဆာဂီ မွန်ဘိုင်းဝင်ရောက်မည်

Spread the love

ဆိုင်ကလုန်းမုန်တိုင်း နာဆာဂီ မွန်ဘိုင်းဝင်ရောက်မည်

EPN
နိုင်ငံတကာ၊ ဇွန် ၃

အာရေဗျပင်လယ်ပြင်ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်သည့် မွန်ဘိုင်းမြို့သို့ ဖြတ်ကျော်ဝင်ရောက်မည့် ဆိုင်ကလုန်းမုန်တိုင်းသည် အင်းအားပိုမိုပြင်းထန်လာနေကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

အနောက်တောင်ဘက်မှ စတင်ရွေ့လျားလာနေပြီဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်း နာဆာဂီသည် ၁၈၉၁ခုနှစ်မှစတင်ပြီး ဖြစ်ပွားခဲ့သည့် မုန်တိုင်းများထဲတွင် အင်အားအပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်ဟု ဆိုသည်။

သောင်းနှင့်ချီသည့် လူအများအပြားကို ဘေးကင်းရာ ကုန်းမြင့်ပေါ်သို့ ရွေ့ပြောင်းထားပြီးဖြစ်သည်။
လူဦးရေ သန်း၂၀နီးပါးရှိသည့် မွန်ဘိုင်းမြို့သည် အိန္ဒိယနိုင်ငံတွင် လူဉီးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်မှု အများဆုံးမြို့လည်းဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျင် ၁၃၄မိုင်နှုန်းဖြင့် မွန်းဘိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီး ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ဝင်ရောက်နိုင်ကြောင်း အိန္ဒိယနိုင်ငံမိုးလေဝသဌာနက ပြောကြားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း နာဆာဂီသည် တစ်နာရီလျင် ၁၃ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေသည်ဟု ဆိုသည်။
အင်္ဂါနေ့အတွင်း မွန်ဘိုင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၀၀၀၀ရှိပြီး သေဆုံးသူ ၁၄၀၀ရှိပြီး ရောဂါဖြစ်ပွားမှု အများဆုံးမြို့လည်းဖြစ်သည်။

မုန်တိုင်းမဖြစ်ပွားမီပင် သောင်းနှင့်ချီသည့် လူပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသူများကို လယ်ကွင်းများထဲတွင် နေရာချထားခဲ့ရသည်။

ကမ်းခြေအနီးတွင် နေထိုင်နေသည့် မိသားစုများကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ကြေင်း ဒေသန္တရ အစိုးရက ပြောကြားခဲ့သည်။

တံငါသည် ၁၀၉ဦးကို လှေ ၁၈စင်းဖြင့် ဘေးကင်းရာသို့ပို့ဆောင်ပေးခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းကို အမ်ဖန်မုန်တိုင်းတိုက်ခတ်ပြီးနှစ်ပတ်အကြာတွင် နာဆာဂီမုန်တိုင်းထပ်မံဝင်ရောက်လာခြင်းဖြစ်သည်။

အိန္ဒိယအရှေ့ပိုင်းနှင့်ဘင်္ဂလားဒေ့ရှ်တို့တွင် အမ်ဖန်မုန်တိုင်းကြောင့်လူ ၈၅ ဦး သေဆုံးခဲ့သည်။

Ref; Cyclone Nisarga intensifies as it approaches Mumbai
ကိုးကား-ဘီဘီစီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။