Trending Now

မြစ်ကြီးနား -တနိုင်း သွား လီဒိုလမ်းမကြီးတွင် KIA အဖွဲ့မှ နေ့စဥ်နီးပါး ဆက်ကြေးကောက်နေသောကြောင့် ခရီးသွားပြည်သူများ အခက်တွေ့

Spread the love

မြစ်ကြီးနား -တနိုင်း သွား လီဒိုလမ်းမကြီးတွင် KIA အဖွဲ့မှ နေ့စဥ်နီးပါး ဆက်ကြေးကောက်နေသောကြောင့် ခရီးသွားပြည်သူများ အခက်တွေ့

EPN
ဖားကန့်၊ မေ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနား -တနိုင်း သွား လီဒိုလမ်းမကြီးတွင် KIA အဖွဲ့မှ နေ့စဥ်နီးပါး ဆက်ကြေးကောက်နေသောကြောင့် ခရီးသွားပြည်သူများအခက်ခဲရှိနေကြောင်း ခရီးသွားတစ်ဦးများထံက သိရသည်။

မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်သွားလမ်း တွင် ယခုနှစ် ဧပြီ၊ မေလ အတွင်း ကားကြီးကားသေး ကားဆရာများမှ ငွေကြေးတောင်းခံရုံသာမက ခရီးသွားပြည်သူများထံမှ ဆက်ကြေး ကောက်ခံနေကြောင်း မြစ်ကြီးနား-တနိုင်း ပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ဆိုသည်။

“ဒီလအတွင်းအများဆုံး အကောက်ခံနေရတယ် တနိုင်းလီဒိုလမ်းပိုင်းမှာ ကားသမားဆီကလည်း တောင်းတယ်။ အခု ပိုဆိုးတာက ခရီးသည်တွေဆီကပါ တောင်းနေတယ် လူတစ်ယောက်ကို ၂၀၀၀၀၊ ၃၀၀၀၀ အဲ့လိုတွေကောက်တယ် ခရီးသွားလည်း အခုနည်းလာတယ် သွားလာသူ နည်းလာကြတယ် အဲ့လမ်းပိုင်းက ကားသမားတွေ အကုန်နှစ်စဉ်ကြေးတွေလည်း ပေးနေရတယ်”ဟု ၎င်းကပြောသည်။

၂၀၂၂ ခုနှစ်၊ မေလ အတွင်းက စပြီး KIA ပူးပေါင်းအဖွဲ့မှ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးရှိ တနိုင်း- မြစ်ကြီးနားသွား လီဒိုလမ်းမကြီးပေါ်တွင် နေ့စဥ်နီးပါး ဖြတ်သန်းသွားလာနေသည့် ခရီးသည်များနှင့် ကားသမားများထံမှ ဆက်ကြေးကောက်ခံနေကြောင်း အမည်မဖော်လိုသူ ခရီးသွားပြည်သူတစ်ဦးကပြောသည်။

“အရမ်းဆိုးဝါးတယ်ဗျာ ရှိလားမရှိလားမသိဘူး အကုန်တောင်းတယ် ကျနော်တို့ ခရီးသည်ပါ ပေးနေရတယ် တနိုင်းကိုသွားရင် အခုဆို ကားခက ၃၀၀၀၀ ဗျာ။ လက်နက်ကိုင် အဖွဲ့ကိုလည်း ၂၀၀၀၀ပေးရတယ်။ တစ်သိန်းလောက်မပါရင် တနိုင်းကိုသွားလို့မရဘူး”ဟု အမည်မဖော်လိုသူ ‌ခရီးသွားတစ်ဦးက ပြောသည်။

မြစ်ကြီးနား-တနိုင်း သွားလမ်းတွင် ကားသေးတစ်စီးလျှင် (၅၀၀၀၀)ကျပ်၊ ကားကြီးဆိုလျှင် (၁၀၀၀၀၀) ကျပ်နှင့် ခရီးသည်တစ်ဦးလျှင် ၂၀၀၀၀ကျပ်တို့အား KIA လက်နက်ကိုင်အဖွဲ့အစည်း ထံ ပေးဆောင်နေရကြောင်း သိရသည်။

ယင်း ဆက်ကြေးငွေ ကောက်ခံသည့်အဖွဲ့မှာ ကေအိုင်အေတပ်မဟာ (၂)လက်အောက်ရှိ တပ်ရင်းအဖွဲ့များမှ ကောက်ခံနေကြောင်း သိရသည်။

ထို့အပြင် KIA အဖွဲ့မှ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များ အပြင် အိမ်စီးကားများကိုပါ တားမြစ်ရပ်တန့်ပြီး ကားပုံနှင့် နံပါတ်ပြားများကို ဓာတ်ပုံရိုက်ယူကာ အခွန်ပေးဆောင်ကြရန် ပြောဆိုထားကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။