Trending Now

မိုးညှင်းမြို့တွင် အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်

Spread the love

မိုးညှင်းမြို့တွင် အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်

EPN
မိုးညှင်း၊ ဇူလိုင် ၇

ကချင်ပြည်နယ် မိုးညှင်းမြို့ပေါ်ရပ်ကွက်များဖြစ်သော မြို့မရပ်ကွက်၊ အရှေ့စုရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်၊ အောင်သပြေရပ်ကွက်နှင့် ရွာသစ်ကုန်းရပ်ကွက်တို့တွင် ဇူလိုင်လ(၇)ရက်နေ့ နံနက်ပိုင်းက Covid-19 ကာလအတွင်း ပထမအကြီမ် အခြေခံစားသောက်ကုန်များ မရရှိကြသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို မိုးညှင်းမြို့ ရွာသစ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင်ပြုလုပ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းက တက်ရောက်ပေးအပ်ခဲ့သည်။

အခြေခံစားသောက်ကုန်များအား ပထမအကြိမ်ထောက်ပံ့ရာတွင် မရရှိသေးသည့် မိုးညှင်းမြို့နယ်မှ အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရက ပြန်လည်ထောက်ပံ့ပေးခြင်းဖြစ်ပြီး မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၁၈၀၄)စုတို့အတွက် (၂၇၀၆၀၀၀၀)ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။