Trending Now

မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကို သေနတ်သမားများ တိုက်ခိုက်၊ ၂၄ ဦး သေ

Spread the love

မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကို သေနတ်သမားများ တိုက်ခိုက်၊ ၂၄ ဦး သေ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂

သေနတ်သမားများက မက္ကဆီကိုနိုင်ငံအလယ်ပိုင်းရှိ လိုင်စင်မဲ့ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူ ထောင်ရေးစခန်းတစ်ခုကို ပစ်ခတ်ခဲ့ရာ လူ ၂၄ ဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

တိုက်ခိုက်မှုမှာ အိုင်ရာပူအာတိုမြို့တော်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ခုနှစ်ဦးအနက် သုံးဦးမှာ အ ရေးပေါ်အခြေအနေဖြစ်ကြောင်း မက္ကဆီကိုအနောက်အလယ်ပိုင်း ဂွာနာဟွာတိုပြည်နယ် ရဲတပ်ဖွဲ့က ပြောကြား သည်။

တိုက်ခိုက်သူများက စခန်းရှိ မြင်သမျှလူတိုင်းကို ပစ်ခတ်ခဲ့ပြီး မည်သူ့ကိုမျှ ပြန်ပေးဆွဲခဲ့ခြင်းမရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

ဂွာနာဟွာတိုပြည်နယ်မှာ မူးယစ်ဆေးဂိုဏ်းနှင့် ဒေသခံ ရာဇဝတ်ဂိုဏ်းတစ်ခု ကြား တိုက်ခိုက်မှုများဖြစ် ပွားရာ နေရာတစ်ခုဖြစ်လာခဲ့ပြီး မက္ကဆီကိုနိုင်ငံတွင် အကြမ်းဖက် မှုအများဆုံးဖြစ်ပွားရာ ပြည်နယ်ဖြစ်လာခဲ့ သည်။

တိုက်ခိုက်မှုဖြစ်ပွားရသော အကြောင်းရင်းကို မသိရသေးဘဲ တိုက်ခိုက်မှုအတွင်း မူးယစ်ဂိုဏ်းများ ပါဝင်ခဲ့ဖွယ်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ရော့ဒရီဂွတ်ဇ်ဗယ်လီဂျိုက ပြောသည်။

“ရာဇဝတ်တွေကြောင့်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုက လူငယ်တွေရဲ့အသက်ကို သေဆုံးစေယုံသာမက ဂွာ နာဟွာတိုပြည်နယ်က မိသားစုတွေရဲ့ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေပါတယ်” ဟု ၄င်းက ပြောသည်။

မက္ကဆီကို မူးယစ်ဂိုဏ်းများသည် ယခင်က ယင်းသို့သော ပြန်လည်ထူထောင်ရေးစခန်းများ၌ ခိုလှုံနေ သည့် ပြိုင်ဘက် ဂိုဏ်းများမှ သံသယဖြစ်ဖွယ်ရာ မူးယစ်ဆေးရောင်းဝယ်သူများကို သတ်ဖြတ်ခဲ့ဖူးသည်။

ယခုတိုက်ခိုက်မှုမှာ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ချီဟွာဟွာမြို့တော်၌ ၂၀၁၀ ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သော လူ ၁၉ ဦး သေဆုံးခဲ့သည့် မူး ယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတစ်ခုအပေါ် တိုက်ခိုက်မှုများ တွင် လူသေဆုံးမှုအများဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်သည်။

မက္ကဆီကိုနိုင်ငံက မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများနှင့်ပတ်သက်၍ ပြဿ နာများစွာ ဖြစ်ပွားခဲ့ပြီး အများစု ပုဂ္ဂလိကပိုင်ဖြစ်ကာ ငွေကြေးမပြည့်စုံကြသလို မူးယစ်ဆေးဖြတ်ပြီးသူများကို လည်း အလွဲသုံးစားမှုများ မကြာခဏ ကျူးလွန်ကြသည်။

–ကိုးကား–
အေပီ
Ref; 24 shot to death in attack on drug rehab center in Mexico


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။