Trending Now

မြစ်ကြီးနား-ပူတာအိုသွားလမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး အသွားအလာ ပိတ်နေ

Spread the love

မြစ်ကြီးနား-ပူတာအိုသွားလမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး အသွားအလာ ပိတ်နေ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ် ၊ မြစ်ကြီးနား -ပူတာအိုလမ်းပိုင်းဖြစ်သည့် လုံရှာယာန် နှင့် ဖတ်မာ အကြားတွင် ယမန်နေ့ညက မိုးအဆက်မပြတ ်ရွာသွန်းခဲ့မှုကြောင့် မြေပြိုကျမှုများ သစ်ပင်များ ပြိုလဲမှုများကြောင့် လမ်းကြောများ ပိတ်မိနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်း ရှိ လုံရှာယာန်နှင့် ဖတ်မာ နေရာများတွင် မြေသားများပြိုကျခြင်း သစ်ပင်ကြီးများ လဲပြိုနေခြင်းကြောင့် လမ်းကြောပိတ်နေပြီး အသွားအလာရပ်တန့်နေရကြောင်း မြစ်ကြီးနား-ပူတာအိုပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကပြောဆိုသည်။

“မနေ့ ညကမိုးအရမ်းရွာလို့ တောင်ပြိုပြီး မြေသားတွေ လမ်းပေါ်မှာ ပိတ်နေတာ သစ်ပင်ကြီးတွေလည်းပါတယ် လုံရှာယာန်နဲ့ ဖတ်မာ နားမှာ နှစ်နေရာလောက် ဖြစ်နေတယ် ဆိုင်ကယ်တွေတော့ သွားလို့ ရမယ်ထင်တယ် ကားတွေတော့မရသေးဘူး “ဟု ၎င်းကပြောသည်။

လက်ရှိအချိန်ထိ သစ်ပင်ကြီးများ လမ်းမပေါ်တွင် လဲနေခြင်း မိုးရွာသွန်းခြင်းများကြောင်း လမ်းပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခြင်းမရှိသေးပဲ စောင့်ဆိုင်းနေရကြောင်း သိရသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းမှာ မိုးတွင်းကာလများတွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် မြေပြိုကျခြင်း သစ်ပင်ပြိုလဲခြင်းများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့်လပိုင်းကလည်း အလာတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။