Trending Now

အောက်တိုဘာလအတွင်း KIA/PDFပူးပေါင်းအဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်ခြင်းခံခဲ့ရသည့် ရှမ်းတိုင်းရင်းသား၁၁ ဦး ခန့်ရှိလာ

Spread the love

အောက်တိုဘာလအတွင်း KIA/PDFပူးပေါင်းအဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သတ်ဖြတ်ခြင်းခံခဲ့ရသည့် ရှမ်းတိုင်းရင်းသား၁၁ ဦး ခန့်ရှိလာ

EPN
မြစ်ကြီးနား၊ အောက်တိုဘာလ ၂၆

ယခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ KIA/PDFပူးပေါင်းအဖွဲ့တို့မှ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းခံခဲ့ရသည့် ရှမ်းတိုင်းရင်းသားဒေသခံပြည်သူ ၁၁ ဦးခန့်ရှိလာကြောင်း မြန်မာပြည်မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ စာရင်းများအရသိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့များမှ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုများကို အကြောင်းပြုပြီး သတင်းပေးသူ(ဒလန်)ဟုဆိုကာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုလ အတွင်း (၁၁)ဦး ခန့်ရှိပြီး ဖြစ်ကြောင်း မြန်မာပြည်မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ဒီလိုနိုင်ငံရေးစဖြစ်ထဲက သူတို့က ဒလန်ရှင်းလင်းရေးဆိုပြီး သတ်ဖြတ်တဲ့လုပ်ရပ်တွေကို ပြုလုပ်ကြတာပေါ့၊ အဲ့ဒီထဲမှာ အပြစ်မဲ့တဲ့ ကျနော်တို့ ရှမ်းတိုင်းရင်းသားတွေလဲ သတ်ဖြတ်ချင်းခံခဲ့ရတယ်၊ ဒီအောက်တိုဘာလထဲမှာဆိုရင် ဦးဇင်တစ်ပါးအပါအဝင်၊ ရှမ်းတိုင်းရင်းသား(၁၀) ဦးစုစုပေါင်း (၁၁)ဦးကလဲ သူတို့ရဲ့ သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်လို့ စုံစမ်းသိရှိရတယ်။ “ဟု၎င်းကပြောသည်။

အောက်တိုဘာလ အတွင်း သတ်ဖြတ်ခံရသူ (၁၁)ဦးအနက် အများစုမှာ မိုးညှင်းခရိုင်အတွင်းမှဖြစ်ကာ၊ အချို့မှာ ဆင်ဘို၊တာလောကြီး ဒေသများ နှင့် စစ်ကိုင်းတိုင်း-ကချင်ပြည်နယ်အဆက် ဗန်းမောက်မြို့နယ်တစ်ဝိုက်မှ ရှမ်းတိုင်းရင်းသား ဒေသခံများဖြစ်ကြကြောင်းသိရသည်။

ယင်းကဲ့သို့ ဒေသခံများဖမ်းဆီးသတ်ဖြတ်ခြင်းများမပြုလုပ်နိုင်ရန်အတွက် နှိပ်စက်ခံ မျိုးနွယ်တူများပူးပေါင်း၍လည်းကောင်း၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောင့်နေသည့်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍လည်းကောင်း အလားတူဖြစ်ရပ်များမဖြစ်ပွားစေရန်ကြိုတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ရှမ်းတိုင်းရင်းသားဒေသခံများအပေါ် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းပြုလုပ်မှုများကြောင့် တိုင်ရင်းသားညီကိုမောင်နှမ များအကြား မလိုလားအပ်သည့် ပဋိပက္ခ များဖြစ်လာနိုင်ကြောင်း၊ ယခု သတ်ဖြတ်ခြင်းခံခဲ့ရသည့် ရှမ်းတိုင်ရင်းသားညီကိုများအတွက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း မိုးညှင်းခရိုင်အတွင်းနေထိုင်နေသူ ရှမ်းတိုင်းရင်းသားဒေသခံတစ်ဦးကပြောသည်။

” အခု လို့ ကျနော်တို့ရှမ်းတိုင်းရင်းသားညီကိုတွေ သတ်ဖြတ်ခြင်းခံနေရတာတွေသိမြင်နေရတော့ အတိုင်းထပ်အလွန်ပဲ ဝမ်းနည်းမိတယ်၊ ဒီလိုဖြစ်စဉ်တွေသာ ဆက်ဖြစ်နေအုံးမယ်ဆိုရင်တော့ တစ်ချိန်ချိန်ကြရင် မြန်မာနိုင်ငံအတွင်းအတူယှဉ်တွဲ နေထိုင်နေတဲ့ တိုင်းရင်းသားညီကိုအချင်းချင်းကြားမှာ မလိုလားအပ်တဲ့ ပဋိပက္ခ တွေဖြစ်လာနိုင်တယ်၊ ဒါကြောင့် ဒီလိုလုပ်ရပ်တွေ နောက်နောင် ဆက်မလုပ်ကြဖို့ပဲ ပြောကြားချင်တယ်” ဟု ၎င်းကပြောသည်။

အလားတူ စက်တင်ဘာလအတွင်းရှမ်းတိုင်းရင်းသားဒေသခံပြည်သူ (၁၀)ဦးခန့် သတ်ဖြတ်ခံခဲ့ရပြီး ယင်း(၁၀)ဦး ထဲတွင် ရဟန်းတစ်ပါးနှင့် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း မြန်မာပြည်မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ စာရင်းများအရသိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။