Trending Now

လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

Spread the love

လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၈ (၂၀၂၃)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ စက်တင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီခန့်က လယ်ကုန်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင် လျှပ်စစ်မီးမိန်းခုံ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၁၄) ရပ်ကွက် ရှိ နေအိမ်တစ်လုံးတွင် ညအချိန် အဆောင်အဦအတွင်း သွယ်တန်းထားရှိသည့် လျှပ်စစ်မီးမိန်းခုံ အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းအနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

“အခုရက်ပိုင်းက အရမ်းပူတဲ့ရာသီဥတုဖြစ်နေတယ်၊ ညက (၁၀) နာရီလောက်မှာ သွယ်တန်းထားတဲ့လျှပ်စစ်မိန်းခုံက အပူလွန်ကဲပြီးမီးလောင်ခဲ့တာဖြစ်တယ် အိမ်ကလဲ မြေစိုက် ထရံကာဆိုတော့ မီးလောင်အားကောင်းတယ်၊ လူတွေလဲ ပတ်ဝန်းကျင်းမှာ ရှိနေကြသေးတယ်၊ မီးအားကောင်းတော့ ရပ်ကွက်ကလူတွေ ဝိုင်းငြှိမ်းကြတာမရဘူး၊ မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်မှ မီးငြှိမ်းသွားခဲ့တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၂)စီး နှင့် ရေဂါလန် (၁၄၀၀)ခန့် အသုံးပြုငြိမ်းသတ်ခဲ့ပြီး မိနစ်(၃၀)ခန့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပက်သက်၍ ယင်း အိမ်ငှားနေထိုင်သူကို မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းတွင် (ပ) ၁၆၁/၂၀၂၃ ၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။