Trending Now

အာဖရိကနိုင်ငံတွေနဲ့အကြား ဆက်ဆံရေး တိုးမြှင့်ဖို့ ဆန္ဒရှိကြောင်း ရုရှားသမ္မတ ပြော

Spread the love

အာဖရိကနိုင်ငံတွေနဲ့အကြား ဆက်ဆံရေး တိုးမြှင့်ဖို့ ဆန္ဒရှိကြောင်း ရုရှားသမ္မတ ပြော

EPN
နိုင်ငံတကာ၊ ဇွန် ၁၉

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဟာ စနေနေ့က စိန့်ပီတာစဘတ် မှာ အာဖရိကခေါင်းဆောင် ၇ ဦးနဲ့ တွေ့ဆုံခဲ့ပြီး အာဖရိကနိုင်ငံတွေနဲ့အကြား ဆက်ဆံရေး တိုးမြှင့်ဖို့ သူ့ဆန္ဒကို အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

အဲဒီခေါင်းဆောင်တွေထဲမှာ တောင်အာဖရိကသမ္မတ Cyril Ramaphosa နဲ့ ဆီနီဂေါသမ္မတ Macky Sall တို့ ပါဝင်ပြီး ယူကရိန်းအရေးနဲ့ ပတ်သက်လို့ အာဖရိကနိုင်ငံတွေရဲ့ “ဟန်ချက်ညီတဲ့ ရပ်တည်ချက်” ကို အသိအမှတ်ပြုကြောင်း ရုရှားသမ္မတက ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနဲ့ ချုပ်ဆိုထားတဲ့ ကောက်ပဲသီးနှံတင်ပို့မှုဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်ဖို့ စဉ်းစားနေပြီး အာဖရိကနိုင်ငံတွေဆီကို ကောက်ပဲသီးနှံတွေ အခမဲ့ ပို့ဆောင်ပေးနိုင်ဖွယ်ရှိတယ်လို့ ပူတင်က ပြောပါတယ်။

တောင်အာဖရိကသမ္မတ Ramaphosa က သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ပွဲပြီးဆုံးဖို့ လိုအပ်တယ်ဆိုတဲ့ ပြတ်သားတဲ့ သတင်းစကားကို ပေးပို့လိုကြောင်း ပြောကြားခဲ့ပြီး အာဖရိကမှာ စွမ်းအင်နဲ့ မြေသြဇာဈေးနှုန်းတွေ မြင့်မားလာနေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဖရိက ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့က ယူကရိန်းရဲ့ မြို့တော် ကိဗ် မှာ သမ္မတ ဇလန်ဇကီနဲ့ တွေ့ဆုံးခဲ့ပြီးဖြစ်ပါတယ်။

ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။