Trending Now

နိုင်ငံတော်လျှို့ဝှက်စာ ရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြဿနာတက်ဖွယ်ရှိနေ

Spread the love

နိုင်ငံတော်လျှို့ဝှက်စာ ရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိမှုနဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြဿနာတက်ဖွယ်ရှိနေ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဒီလာဝဲရ်ပြည်နယ် ဝီလ်မင်တန်မြို့မှာရှိတဲ့ နေအိမ်မှာ နိုင်ငံတော်လျှို့ဝှက် နိုင်ငံခြားတိုင်းပြည်တွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းအနည်းငယ် သိမ်းဆည်းရမိခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ စာရွက်စာတမ်းတွေဟာ သမ္မတအိုဘာမားလက်ထက်က ဂျိုးဘိုင်ဒင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်က စာရွက်စာတမ်းတွေဖြစ်ပြီး ဘိုင်ဒင်ရဲ့ နေအိမ်နဲ့ ကပ်လျက် ကားဂိုဒေါင်အခန်းထဲက သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် မေရီလန်းပြည်နယ်မှာ အရင်က ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရောဘတ်ဟွာကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ဂျိုးဘိုင်ဒင်နဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ နိုင်ငံတော် လျှို့ဝှက် စာရွက်စာတမ်း တွေ့ရှိမှု ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အတွင်းကလည်း ဂျိုးဘိုင်ဒင်ရဲ့ ရုံးခန်းတစ်ခုကနေ နိုင်ငံတော်လျှို့ဝှက် စာရွက်စာတမ်းအချို့ သိမ်းဆည်းရမိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အတိုက်အခံ ရီပက်ဘလစ်ကန်ပါတီက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘိုင်ဒင်ကို အရေခြုံကြောင်သူတော်အဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်ကာ သမ္မထရမ့် ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေမှာ နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်အချက်အလက်တွေ တွေ့ရှိစဉ်အချိန်က ဘိုင်ဒင်ရဲ့ ဝေဖေန်မှုကို ပြန်လည်ချေပလိုက်ပါတယ်။

သမ္မတဘိုင်ဒင်က သူဟာ လျှို့ဝှက်စာရွက်စာတမ်းတွေကို သေသေချာချာ ကိုင်တွယ်တယ်ဆိုတာကို ပြည်သူလူထုက သိရှိကြောင်း မနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး အခုကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

— ကိုးကား —
BBC
Ref;Biden ‘surprised’ about classified files discovery at former office

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။