Trending Now

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

Spread the love

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၃

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီး အရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar – Bangladesh Navy to Navy Staff Talks) ကို စက်တင်ဘာ ၁ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်ရေတပ်မှ Commodore Mustaque Ahmed, (G), NPP, pcs, BN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော် (ရေ) မှ ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့သည်။

ယင်းသို့ နှစ်နိုင်ငံ ရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးရာတွင် ရေကြောင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ရေတပ် စစ်ရေယာဉ်များနှင့် အရာရှိ၊ စစ်သည်များ အပြန်အလှန် အလည်အပတ် ခရီးစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ သတင်းအချက်အလက် ဖလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပင်လယ်ပြင် ညစ်ညမ်းမှု ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးချက်များအား သဘောတူ လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဆက်လက်ပြုလုပ်ခဲ့ပြီးနောက် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန်ပေးအပ်ကာ ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဆာကူရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။