Trending Now

ထိုင်းနိုင်ငံမှာ မူယစ်ဆေးဝါးအများအပြားနဲ့အတူ သေနတ်တွေကိုပါ သိမ်းဆည်းရမိ

Spread the love

ထိုင်းနိုင်ငံမှာ မူယစ်ဆေးဝါးအများအပြားနဲ့အတူ သေနတ်တွေကိုပါ သိမ်းဆည်းရမိ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅

ထိုင်းနိုင်ငံ၊ သန်ယာဘူရီခရိုင်ရှိ နေအိမ်တစ်အိမ်ကနေ သန်းနဲ့ချီတဲ့ စိတ်ကြွဆေးပြား၊ ဘိန်းဖြူ၊ ကီတာမင်၊ ရိုင်ဖယ်သေနတ်၊ ပစ္စတိုတစ်လက်နဲ့ ခဲယမ်းမီးကျောက်တွေကို ရဲတပ်ဖွဲ့က တနင်္လာနေ့ ညနှောင်းပိုင်းက သိမ်းဆည်းရမိခဲ့တယ်လို့ ဘန်းကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။

အဆိုပါစီးနင်းရှာဖွေမှုဟာ ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါကွန်ရက် တိုးချဲ့စုံစမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ပြီး တနင်္လာနေ့ ည ၁၁း၃၀ နာရီခန့်က သရက်ဖတ်အိမ်ရာမှာရှိတဲ့ နေအိမ်တစ်လုံးကို ခရိုင်ရဲတပ်ဖွဲ့နဲ့ မူယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ပူးပေါင်းရှာဖွေခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ရှာဖွေမှုအတွင်း မက်သာဖက်တမင်း ဆေးပြား ၃ သန်း၊ ခရစ်စတယ် မက်သာဖက်တမင်း ၁၁ ကီလိုဂရမ်၊ ဘိန်းဖြူ ၇ ကီလိုဂရမ်၊ ကီတာမင် ၅ ကီလိုဂရမ်၊ မူးယစ်ဆေးဝါး ၅ ပြား၊ အေကေရိုင်ဖယ် ၂ လက်၊ သေနတ်နှစ်လက်၊ ကာဘိုင်ရိုင်ဖယ် ၂ လက်၊ ပစ္စတိုတစ်လက်နဲ့ ခဲယမ်းမီးကျောက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့က မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ မူးယစ်ဆေးဝါးကွန်ရက်အဖွဲ့ဝင်တစ်ဦးကို ဖမ်းမိပြီးနောက် ရဲတပ်ဖွဲ့က အဆိုပါဂိုဏ်းကို ဖမ်းဆီးနိုင်ဖို့အတွက် ဖမ်းဆီးရမိတဲ့ အမျိုးသားရဲ့နေအိမ်မှာသွားရောက်စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။

သူလျှိုလုပ်ပြီး ရှစ်ရက်အကြာမှာ အသက် ၂၅ နှစ်နဲ့ ၃၀ နှစ်ကြား အမျိုးသားတစ်ဦးဟာ အိမ်ရှေ့ကို ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာခဲ့တာကို မြင်တွေ့ရတဲ့အတွက် ရဲတပ်ဖွဲ့က ပုန်းအောင်းနေရာကနေ ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုပါအမျိုးသားက ရဲတပ်ဖွဲ့ကို သတိပြုမိသွားတဲ့အတွက် ဒုတိယထပ် ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးသွားခဲ့ရာ အိမ်ရှေ့မှာ ကျန်ရစ်ခဲ့တဲ့ဆိုင်ကယ်ကို ရှာဖွေရာကနေ ယခုသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေရဲ့ တည်နေရာကို သိရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့က အဆိုပါ မူးယစ်ဆေးဝါးဂိုဏ်းကို ဖမ်းဆီးနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ရဲမှူးချုပ် သီရာချိုင်က ပြောပါတယ်။

Ref; Bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။