Trending Now

မော်စကိုမြို့ကို မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်ပြီးနာက် စစ်ပွဲက ရုရှားဘက်ကို ရောက်ရှိလာပြီလို့ ဇလန်ဇကီပြော

Spread the love

မော်စကိုမြို့ကို မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်ပြီးနာက် စစ်ပွဲက ရုရှားဘက်ကို ရောက်ရှိလာပြီလို့ ဇလန်ဇကီပြော

EPN
နိုင်ငံတကာ၊ ဇူလိုင် ၃၁

မော်စကိုမြို့ပေါ်ကို ယူကရိန်းမောင်းသူမဲ့လေယာဉ် ၃ စင်းနဲ့ တိုက်ခိုက်ခံရပြီးနောက် “| စစ်ပွဲက ရုရှားဘက်ကို ရောက်ရှိလာပြီ”လို့ ယူကရိန်းသမ္မတ ဇလန်ဇကီက ဇူလိုင်လ ၃၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

“တဖြည်းဖြည်းနဲ့ စစ်ပွဲဟာ ရုရှားရဲ့ ပိုက်နက်နယ်မြေက အချက်အချာကျတဲ့ စင်တာတွေနဲ့ စစ်အခြေစိုက်စခန်းတွေကို ရောက်ရှိလာပါပြီ ဒါဟာ မလွှဲမရှောင်သာ ကြုံတွေ့ရမယ့် လုံးဝတရားမျှတတဲ့ လုပ်ငန်းစဉ်ပါပဲ” လို့ ယူကရိန်းသမ္မတ ဇလန်ဇကီက ပြောကြားခဲ့ပါတယ်။

ယူကရိန်းက ပိုမိုအားကောင်းလာပေမယ့် လာမယ့် ဆောင်းရာသီမှာ ရုရှားက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ ဇလန်ဇကီက ပြောပါတယ်။

“ဒါပေမယ့်၊ မနှစ်တုန်းကလိုပဲ ရုရှားအကြမ်းဖက်သမားတွေက ကျွန်တော်တို့ရဲ့ စွမ်းအင်ကဏ္ဍနဲ့ ဒီဆောင်းရာသီမှာ အရေးကြီးတဲ့ အဆောက်အအုံတွေကို တိုက်ခိုက်နိုင်သေးတယ်ဆိုတာ ကျွန်တော်တို့ သတိထားရပါမယ်” လို့ ဇလန်ဇကီက ပြောကြားခဲ့ပါတယ်။

မော်စကိုမြို့ပေါ်မှာ ယူကရိန်းဒရုန်းသုံးစင်းကို တနင်္ဂနွေနေ့အစောပိုင်းက ပစ်ချနိုင်ခဲ့ပေမယ့် တိုက်ခိုက်မှုကြောင့် ရုံးခန်းတာဝါတိုင်နှစ်ခု ပျက်စီးခဲ့ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ခေတ္တပိတ်ထားခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ရရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသကို ယူကရိန်းက မောင်းသူမဲ့လေယာဉ် ၂၅ စင်းနဲ့ တနင်္ဂနွေနေ့တစ်ညလုံး တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် တပ်ဖွဲ့ဝင်တွေက တားဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။

ကရင်မလင်နဲ့ ယူကရိန်းနယ်စပ်အနီးက ရုရှားမြို့တွေအပါအဝင် မကြာသေးမီက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုတွေအတွက် ရုရှားက ယူကရိန်းကို ပြစ်တင်ပြောဆိုခဲ့ပြီး တနင်္ဂနွေနေ့က တိုက်ခိုက်မှုဟာ နောက်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ref; AFP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။