Trending Now

မြစ်ကြီးနားမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မိုးညှင်းခရိုင်ကြက်ခြေနီအဖွဲ့တို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Spread the love

မြစ်ကြီးနားမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မိုးညှင်းခရိုင်ကြက်ခြေနီအဖွဲ့တို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မိုးညှင်း၊ ဇွန် ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် မိုးညှင်းခရိုင်နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က Hotel Mohnyin ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကချင်ပြည်နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးဂန်ဒီးမှအမှာစကား ပြောကြားခဲ့ပြီး၊ မြစ်ကြီးနားအခြေစိုက် (ICRC) အဖွဲ့၏ အထွေထွေဆက်သွယ်ရေးတာဝန်ခံ ဦးဇော်ဖန်၊ ကာကွယ်စောင့်ရှောက်ရေးဌာနမှ ဦးဇော်ဆန်၊ကျန်းမာရေးအဖွဲ့မှ ဒေါ်စန်းစန်းဌေး တို့မှသက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကာ အခမ်းအနားအား ခေတ္တရပ်နားခဲ့သည်။

ဆက်လက်၍ နေ့လယ်ပိုင်း အစီအစဉ်အရ အင်ဂျင်နီယာဌာနမှ ဒေါ်ဝေဝေအောင်၊ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာနမှ ဦးဇော်ဖန်၊ လူမှုစီးပွားထောက်ပံ့ပေးရေးဌာနမှ ဒေါ်ဇာခြည်ဝင်း၊ မိုင်းအသိပညာပေးဌာနမှ ဒေါ်မေရီဆိုင်းခွန်၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးဌာနမှ ဦးအိစ္စရေးယန်ဒေါင်း၊ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ဒေါ်ဆိုင်းခေါန် တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြသည်။

မြစ်ကြီးနားအခြေစိုက် (ICRC) အဖွဲ့ဝင်များ၏ ဆွေးနွေးချက်များအပေါ် မိုးညှင်းခရိုင်နှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ မိုးညှင်းခရိုင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြပြီး၊ ညနေ ၄ နာရီခွဲ အချိန်တွင် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မင်္ဂလာဦး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။