Trending Now

ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်

Spread the love

ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်

EPN
ဝိုင်းမော် မေ ၆

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ဝိုင်း‌‌ေမာ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်မေလ ၆ ရက်နေ့ နံနက်(၁၀)နာရီအချိန် က မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲအား ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးကျင်းပပြုလုပ်ပေးခဲ့တာဖြစ် ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ်အတွင်းက မူလတန်းကျောင်းသား/သူများ အားလပ်အချိန်တွင် စာဖတ်သည့်အလေ့အကျင့်နှင့် ဉာဏ်ရည် ဉာဏ်သွေးပိုမိုမြင့်မားလာစေရေးအတွက်ရည်ရွယ်ပြီး ပြုလုပ်ရတာဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးကပြောသည်။

“ကျောင်းသား၊ကျောင်းသူ‌များ နွေရာသီကျောင်းပိတ်ရက်မှာ ပြည်သူ့စာကြည့်တိုက်ကိုအသုံးပြုတတ်စေဖို့နဲ့ စာဖတ်တဲ့ အလေ့ကျင့်ကောင်းများဖြစ်ပေါ်လာစေအတွက်နဲ့ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေဖို့ နောက်ပြီးတော့ ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက် မြက်စေရန်ရည်ရွယ်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်တယ်”ဟု ၎င်းကပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းက မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၂၆ )ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအားတာဝန်ရှိသူများက ဆုလက်ဆောင်များပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။