Trending Now

မြောက်ကိုရီးယားက အမေရိကန်နဲ့ မဟာမိတ်တွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ ဒုံးကျည်တစ်စင်း ပစ်လွတ်ပြီး သတိပေး

Spread the love

မြောက်ကိုရီးယားက အမေရိကန်နဲ့ မဟာမိတ်တွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ ဒုံးကျည်တစ်စင်း ပစ်လွတ်ပြီး သတိပေး

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၇

မြောက်ကိုရီးယားက အမေရိကန်နဲ့ မဟာမိတ်တွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကတိပြုပြီးနောက် ဒီနေ့ မနက်ပိုင်းမှာ ဒုံးကျည်တစ်စင်းပစ်လွတ်ပြီး သတိပေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်းမြို့ ဝန်ဆန်မြို့ကနေ နံနက် ၁၀ နာရီ ၄၈ မိနစ် (၀၂၄၈ ဂရင်းနစ်စံတော်ချိန်) မှာ ပစ်လွတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့ပါတယ်။

အခုပစ်ခတ်မှုဟာ မြောက်ကိုရီးယားရဲ့ နောက်ဆုံးအကြိမ် စမ်းသပ်မှုဖြစ်ပြီး မကြာသေးမီကလည်း တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရာနဲ့ချီတဲ့ အမြောက်ကျည်တွေကို ပင်လယ်ထဲကို ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟူက အမေရိကန်၊တောင်ကိုရီးယား နဲ့ ဂျပန်တို့ရဲ့ သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးပွဲကို ရှုတ်ချပြီးနောက် ၂ နာရီအကြာမှာ ဒုံးကျည်ပစ်ခတ်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်၊တောင်ကိုရီးယား နဲ့ ဂျပန်တို့ရဲ့ သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးပွဲအတွင်းမှာ ခေါင်းဆောင်တွေက မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို တိုးမြင့်ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

သုံးနိုင်ငံရဲ့ ပူးပေါင်းကျူးကျော်စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက မထိမ်းချုပ်နိုင်ခဲ့ပေမယ့် ပိုမိုပြင်းထန်ပြီးလက်တွေ့ကြတဲ့ ခြိမ်းခြောက်မှုတွေကို ယူဆောင်လာမယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးက သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေအနေနဲ့ ကျူးကျော်စစ်ရေးလေ့ကျင့်မှုတွေ ပိုမိုပြုလုပ်လာမယ်ဆိုပါက မြောက်ကိုရီးယားက လက်တွေ့ကျတဲ့ အပြင်းထန်ဆုံးတုံ့ပြန်မှုတွေကိုရင်ဆိုင်ရမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

— ကိုးကား —
ရိုက်တာ
ref; North Korea fires missile, vows ‘fiercer’ responses to U.S., allies

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။