Trending Now

သီရိလင်္ကာရှိ ဟိုတယ်တွေ၊ ဘုရားကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုဖြစ် လူအများပြားဒဏ်ရာရ

Spread the love

သီရိလင်္ကာရှိ ဟိုတယ်တွေ၊ ဘုရားကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုဖြစ် လူအများပြားဒဏ်ရာရ 
 
EPN
နိုင်ငံတကာ၊ ဧပြီ ၂၁
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ဒီနေ့နံနက်ပိုင်းက ခရစ်ယာန်ပွဲတော်ကျင်းပချိန်အတွင်း ဟိုတယ်နဲ့ ဘုရားကျောင်းတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဘီဘီစီသတင်းကဖော်ပြပါတယ်။ 
ပေါက်ကွဲမှု ခြောက် ကြိမ်ဖြစ်ခဲ့ပြီး လူပေါင်း ၈၀ ကျော်ဒဏ်ရာရကာ ဆေးရုံးတင်ထားရပြီး ဒဏ်ရာရသူ အရေအတွက် ဆက်လက်မြင့်တက်နိုင်တယ်လို့ သီရိလင်္ကာအာဏာပိုင်တွေကပြောပါတယ်။ ဗုံး ပေါက်ကွဲမှုတွေ ဟာ သီခြားစီဖြစ်ခဲ့ပြီး ဘုရားကျောင်းတစ်ခုစီမှာ ဗုံးတစ်လုံးစီ ပေါက်ကွဲခဲ့တဲ့အပြင် ဟိုတယ်တွေမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သီရိလင်္ကာရဲတွေကပြောပါတယ်။ ဗုံးပေါက်ကွဲမှု ဟာပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်တယ်လို့လည်း ရဲတွေကဆိုပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဝန်ခံထားတဲ့အဖွဲ့မရှိသေးဘူးလို့လည်း ရဲတွေကဆိုပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် က နိုင်ငံလူဦးရေရဲ့ ၆ ရာခိုင်နှုန်းသာ ရှိကြောင်းသိရပါတယ်။ 
————————————————


EPN






Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။