Trending Now

ပါကစ္စတန်သမ္မတက အမျိုးသားလုံခြုံရေးဥပဒေသစ်ကို လက်မှတ်ရေးထိုးရန် ငြင်းဆို

Spread the love

ပါကစ္စတန်သမ္မတက အမျိုးသားလုံခြုံရေးဥပဒေသစ်ကို လက်မှတ်ရေးထိုးရန် ငြင်းဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၁

ပါကစ္စတန်သမ္မတ Arif Alvi က နိုင်ငံတော်နဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေအတွက် တရားစွဲဆိုခွင့်အာဏာ ပိုပေမယ့် ဥပဒေကြမ်းနှစ်ခုကို လက်မှတ်ထိုးဖို့ ငြင်းဆိုထားတယ်လို့ သြဂုတ်လ ၂၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

အဆိုပါ ဥပဒေမှုကြမ်းတွေကို ပါကစ္စတန်လွတ်တော်နှစ်ရပ်လုံးက အတည်ပြုထားပြီဖြစ်ပေမယ့် Arif Alvi ဟာ အရင်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းရဲ့ Pakistan Tehreek-e-Insaf (PTI) ပါတီက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဥပဒေကြမ်းနှစ်ခုကို အတည်ပြုခဲ့တဲ့ ညွန့်ပေါင်းအစိုးရကို ဆန့်ကျင်သူဖြစ်ပါတယ်။

“ကျွန်ုပ်သည် ဤဥပဒေများကို သဘောမတူသောကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ပြင်ဆင်ချက်ဥပဒေကြမ်း ၂၀၂၃ နှင့် ပါကစ္စတန်စစ်တပ်ပြင်ဆင်ချက်ဥပဒေကြမ်း ၂၀၂၃ ကို လက်မှတ်မထိုးခဲ့ပါ” လို့ အရင် တွစ်တာလို့ ခေါ်တဲ့ X လူမှုမီဒီယာပလက်ဖောင်းမှာ Arif Alvi ကရေးသားခဲ့ပါတယ်။

လက်မှတ်မထိုးထားတဲ့ ဥပဒေကြမ်းတွေကို ထိရောက်မှုမရှိစေဖို့အတွက် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လွှတ်တော်ကို ပြန်ပေးဖို့ သူ့ဝန်ထမ်းတွေကို တောင်းဆိုခဲ့ပေမယ့် ” ငါ့ဝန်ထမ်းတွေက ငါ့ဆန္ဒနဲ့ အမိန့်ကို မလိုက်နာဘူးဆိုတာ ဒီနေ့ ငါသိလိုက်တယ်” လို့ သူက ပြောပါတယ်။

သမ္မတရဲ့ ဆုံးဖြတ်ချက်ဟာ အလွန်စိုးရိမ်စရာဖြစ်ကြောင်း ဥပဒေနှင့် တရားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး “သမ္မတမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်၊ ဒီကိစ္စကို အတည်ပြုပါ ဒါမှမဟုတ် သဘောမတူရတဲ့အကြောင်းရင်းနဲ့ လွှတ်တော်ကို တိကျတဲ့ အကြောင်းပြချက်ပေးရမှာပါ” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတက ဥပဒေကြမ်းကို လက်မှတ်မထိုးခဲ့ရင် လေ့လာတွေ့ရှိချက် ဒါမှမဟုတ် ကန့်ကွက်မှုတွေနဲ့ အတူ ၁၀ ရက်အတွင်း လွတ်တော်နှစ်ရပ်ကို ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။ ဒီလိုပြန်လည်ပေးပို့ခြင်းမရှိဘူးဆိုရင်တော့ ဥပဒေဟာ အသက်ဝင်လာမှာဖြစ်ပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။