Trending Now

ဆိုင္ကယ္တစ္စီး အရွိန္မထိန္းႏိုင္ပဲ လမ္းထိန္း ျဖဴ/နီၾကား ေက်ာက္တိုင္အား တိုက္မိ တိမ္းေမွာက္ကာ ဆိုင္ကယ္ ေနာက္မွ ထိုင္ကာ လိုက္ပါလာသူ ေသဆံုး

Spread the love

ဆိုင္ကယ္တစ္စီး အရွိန္မထိန္းႏိုင္ပဲ လမ္းထိန္း ျဖဴ/နီၾကား ေက်ာက္တိုင္အား တိုက္မိ တိမ္းေမွာက္မႈေၾကာင့္ ဆိုင္ကယ္ ေနာက္မွ ထိုင္ကာ လိုက္ပါလာသူ ေသဆံုး
EPN
မိုးေကာင္း၊ ဧၿပီ
ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ မိုးေကာင္း-ဆားေမွာ္သြားလမ္း တစ္ေနရာတြင္ ဆိုင္ကယ္တစ္စီး အရွိန္မထိန္းနိုင္ပဲ လမ္းထိန္းျဖဴ /နီၾကားေက်ာက္တိုင္အား တိုက္မိ တိမ္းေမွာက္ရာမွဆိုင္ကယ္ေနာက္မွ ထိုင္ကာ လိုက္ပါလာသူ အမ်ိဳးသမီးတစ္ဦး ေသဆံုးသြားေၾကာင္း အမွတ္(၁၀၁) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု၊ မိုးေကာင္းယာဥ္ထိန္းတပ္ဖြဲ႕စိတ္႐ံုးမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႕ ဧၿပီလ ၅ ရက္၊ မြန္းလြဲ ၁နာရီ အခ်ိန္ခန္႕က မိုးေကာင္းၿမိဳ႕ႏွင့္ဆားေမွာ္ေက်းရြာၾကားခရိုင္ခ်င္းဆက္လမ္းမႀကီး အတိုင္း ေတာင္မွ ေျမာက္သို႔ မိုးညွင္းၿမိဳ႕ ေအာင္သေျပ()ရပ္ေန ယိန္းခ်န္း(၂၇)ႏွစ္ေမာင္းႏွင္ၿပီး ေဒၚထု (၄၆)ႏွစ္လိုက္ပါလာေသာ SHAYAN -125 အနက္ေရာင္ ဆိုင္ကယ္သည္ တံတား အမွတ္/ အနီး မိုင္တိုင္အမွတ္ ၆ ႏွင့္ ၇ ၾကား အေရာက္တြင္္ အရွိန္မထိန္းနိုင္ပဲ လမ္းထိန္းျဖဴ/နီၾကားေက်ာက္တိုင္အား တိုက္မိ တိမ္းေမွာက္ကာ ဒဏ္ရာမ်ားရရွိ၍ တာ၀န္ရွိသူမ်ားက ဆားေမွာ္တိုက္နယ္ေဆး႐ုံ မွတဆင့္ မိုးေကာင္းၿမိဳ႕နယ္ ျပည္သူ႕ေဆး႐ုံႀကီးသို႔ ေျပာင္းေ႐ႊ႕ ကုသေစခဲ့သည္။
အဆိုပါျဖစ္စဥ္၌ ဆိုင္ကယ္ေမာင္းႏွင္သူ ယိန္းခ်န္းတြင္ နဖူး ဖူးေရာင္၊ ၀ဲဂ်ိဳေစာင္း ဖူးေရာင္၊ ႏွာေခါင္း ေသြးထြက္ဒဏ္ရာမ်ား(အတြင္းလူနာစိုးရိမ္ရ)ႏွင့္ ေဒၚထုတြင္ ယာပါးရိုးဖူးေရာင္၊ ယာလည္ပင္း ပြန္းပဲဖူးေရာင္၊ ယာမ်က္လံုးဖူးေရာင္၊ ယာရင္ဘတ္ဒဏ္ရာ (အတြင္းလူနာစိုးရိမ္ရ) ဒဏ္ရာမ်ား ရရွိၿပီး ေဆးကုသမႈခံယူေနစဥ္ ညေန(၃)နာရီခန္႕တြင္ ေဒၚထု၊ (၄၆)ႏွစ္သည္ ရရွိေသာ ဒဏ္ရာမ်ားျဖင့္ မိုးေကာင္းေဆး႐ံုႀကီး၌ ေသဆံုးသြားခဲ့သည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆိုင္ကယ္အား မဆင္မျခင္ ေမာင္းႏွင္သူ ယိန္းခ်န္း၊ (၂၇)ႏွစ္အား မိုးေကာင္းၿမိဳ႕မရဲစခန္းမွ ယာဥ္ ()/၂၀၁၉ရာဇသတ္ႀကီးပုဒ္မ၃၃၈/၃၀၄ကျဖင့္ အမႈဖြင့္ထားေၾကာင္းသိရသည္။
ခ်ိဳေမာင
————————————————–
ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းထိန်း ဖြူ/နီကြား ကျောက်တိုင်အား တိုက်မိ တိမ်းမှောက်မှုကြောင့် ဆိုင်ကယ် နောက်မှ ထိုင်ကာ လိုက်ပါလာသူ သေဆုံးEPN
မိုးကောင်း၊ ဧပြီ ၅

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်း-ဆားမှော်သွားလမ်း တစ်နေရာတွင် ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းထိန်းဖြူ /နီကြား ကျောက်တိုင်အား တိုက်မိ တိမ်းမှောက်ရာမှ ဆိုင်ကယ်နောက်မှ ထိုင်ကာ လိုက်ပါလာသူ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း အမှတ်(၁၀၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ မိုးကောင်းယာဉ်ထိန်းတပ်ဖွဲ့စိတ်ရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ ဧပြီလ ၅ ရက်၊ မွန်းလွဲ ၁နာရီ အချိန်ခန့်က မိုးကောင်းမြို့နှင့်ဆားမှော်ကျေးရွာကြား ခရိုင်ချင်းဆက်လမ်းမကြီး အတိုင်း တောင်မှ မြောက်သို့ မိုးညှင်းမြို့ အောင်သပြေ(၁)ရပ်နေ ယိန်းချန်း(၂၇)နှစ်မောင်းနှင်ပြီး ဒေါ်ထု (၄၆)နှစ်လိုက်ပါလာသော SHAYAN -125 အနက်ရောင် ဆိုင်ကယ်သည် တံတား အမှတ် ၃/၆ အနီး မိုင်တိုင်အမှတ် ၆ နှင့် ၇ ကြား အရောက်တွင် အရှိန်မထိန်းနိုင်ပဲ လမ်းထိန်းဖြူ /နီကြား ကျောက်တိုင်အား တိုက်မိ တိမ်းမှောက်ကာ ဒဏ်ရာများရရှိ၍ တာဝန်ရှိသူများက ဆားမှော်တိုက်နယ်ဆေးရုံ မှတဆင့် မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသစေခဲ့သည်။

အဆိုပါဖြစ်စဉ်၌ ဆိုင်ကယ်မောင်းနှင်သူ ယိန်းချန်းတွင် နဖူး ဖူးရောင်၊ ဝဲဂျိုစောင်း ဖူးရောင်၊ နှာခေါင်း သွေးထွက်ဒဏ်ရာများ(အတွင်းလူနာစိုးရိမ်ရ)နှင့် ဒေါ်ထုတွင် ယာပါးရိုးဖူးရောင်၊ ယာလည်ပင်း ပွန်းပဲဖူးရောင်၊ ယာမျက်လုံးဖူးရောင်၊ ယာရင်ဘတ်ဒဏ်ရာ (အတွင်းလူနာစိုးရိမ်ရ) ဒဏ်ရာများ ရရှိပြီး ဆေးကုသမှုခံယူနေစဉ် ညနေ(၃)နာရီခန့်တွင် ဒေါ်ထု၊ (၄၆)နှစ်သည် ရရှိသော ဒဏ်ရာများဖြင့် မိုးကောင်းဆေးရုံကြီး၌ သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ ယိန်းချန်း၊ (၂၇)နှစ်အား မိုးကောင်းမြို့မရဲစခန်းမှ ယာဉ် (ပ)၇/၂၀၁၉ရာဇသတ်ကြီးပုဒ်မ- ၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။