Trending Now

မိုးညှင်းမြို့နယ်တွင် အမျိုးသားတစ်ဦးမောင်းနှင်းလာသည့် FUSO ၆ ဘီးယဉ်ပေါ်မှ ငွေကျပ် (၁) ဘီလီယံကျော်တန်ဖိုးရှိ မှုးယစ်ဆေးဝါးများဖမ်းဆီးရရှိ

Spread the love

မိုးညှင်းမြို့နယ်တွင် အမျိုးသားတစ်ဦးမောင်းနှင်းလာသည့် FUSO ၆ ဘီးယဉ်ပေါ်မှ ငွေကျပ် (၁) ဘီလီယံကျော်တန်ဖိုးရှိ မှုးယစ်ဆေးဝါးများဖမ်းဆီးရရှိ

EPN
မြစ်ကြီးနား ၊ မေလ ၂၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် အမျိုးသားတစ်ဦးမောင်းနှင်းလာသည့် FUSO ၆ ဘီးယဉ်ပေါ်မှ ငွေကျပ် (၁) ဘီလီယံကျော်တန်ဖိုးရှိ မှုးယစ်ဆေးဝါးများကို မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန် ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ မန္တလေး-မြစ်ကြီးနားသွားကားလမ်း၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မန္တလေးမှ မိုးညှင်း သို့ သန်းဇော် မောင်းနှင်သည့် FUSO ၆ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ၎င်းယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၄၂ သိန်း တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မှုးယစ်ဆေးဝါးနှင့်ပက်သက်သော သန်းဇော် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပြီး ကွင်းဆက်ပြစ်မှုကျိုးလွန်သူတရားခံများလည်းဆက်လက်ဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။