Trending Now

တောအတွင်း ကိုင်းဖော်သွားသည့် သားအဖနှစ်ဥိီး မိုင်းထိ၍ ပြင်းထန်စွာ ဒဏ်ရာရရှိ

Spread the love

တောအတွင်း ကိုင်းဖော်သွားသည့် သားအဖနှစ်ဥိီး မိုင်းထိ၍ ပြင်းထန်စွာ ဒဏ်ရာရရှိ 

EPN
မိုးမောက်၊ မတ် ၂၉

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် သားကောင်ထောင်ထားသည့် ကိုင်းအားသွားရောက်ကြည့်ရှုရာ လမ်းတွင် မိုင်းတစ်လုံးတိုက်မိပြီး ပေါက်ကွဲသဖြင့် သားအဖ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေါ့ဖုန်းယန်မြို့၊ နယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါ သားအဖ နှစ်ဦးမှာ ဒေါ့ဖုန်းယန်မြို့နယ် ဒိန်ဂါယန်ကျေးရွာနေ အသက် ၆၉နှစ်အရွယ်ရှိ ဦးဘရန်ရှောင်နှင့် ၎င်း၏ သားဖြစ်သူ အသက် ၄၉နှစ်အရွယ် ဦးနော်ထွဲဆိုသူတို့ ဖြစ်ကြပြီး ၎င်းတို့သည်ယနေ့ မတ်လ ၂၉ရက် နံနက် ၁၀နာရီ အချိန်ခန့်တွင် ဒိန်ဂါယန်ကျေးရွာနှင့် ၂မိုင်ခန့်ဝေးကွာသည့် တောအတွင်းသို့ တောကောင်ထောင်ထားသည့် ကိုင်းဖော်ရန် သွားရောက်ခဲ့ရာမှ ယင်းသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲခဲ့သဖြင့် ဦးဘရန်ရှောင် ၏ ဝဲယာခြေသလုံးများတွင် မိုင်းစထိမှန်ဒဏ်ရာ၊ယာနားထင်နှင့် ဝမ်းဗိုက်တို့တွင်မိုင်စထိမှန်ပေါက်ပြဲဒဏ်ရာများ(စိုးရိမ်ရ)နှင့် နောက်မှ လိုက်ပါသည့် သားဖြစ်သူ ဦးနော်ထွဲ ၏ ဝမ်းဗိုက်ယာဘက်ခြမ်းတွင်မိုင်းစ ထိမှန် အူထွက် ဒဏ်ရာ၊ ဝဲဒူးခေါင်းမိုင်းစထိမှန်ဒဏ်ရာ၊ ဝဲယာလက်ချောင်းများ မိုင်းစထိမှန် ကျိုးကြေဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သည်။

ဒဏ်ရာရ ရှိသူ ၂ဦးတို့အား အခင်းဖြစ်နေရာမှ မြစ်ကြီးနား-ဗန်းမော်ကားလမ်းသို့ သယ်ထုတ်၍ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ နယ်မြေရဲစခန်း မှူးရဲအုပ်ကျော်နိုင် တို့မှ ရဲဆေးစာနှင့်အတူ ဒေါ့ဖုန်းယန်မြို့ လူမှုကူညီရေးမော်တော်ယာဥ်ဖြင့် ဒေါ့ဖုန်းယန်မြို့ ပြည်သူ့ဆေးရုံသို့ ထိုမှတဆင့် ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါဖုန်းယန်မြို့ နယ်မြေ ရဲစခန်းက ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။