Trending Now

ရန်ကုန်-ပုသိမ်ကားလမ်းပေါ်တွင် ခရီးသည်တင်ကားနှင့် အိမ်စီးကား တိုက်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဦးထိခိုက်ဒဏ်ရာရှိခဲ့

Spread the love

ရန်ကုန်-ပုသိမ်ကားလမ်းပေါ်တွင် ခရီးသည်တင်ကားနှင့် အိမ်စီးကား တိုက်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးပြီး နှစ်ဦး ဦးထိခိုက်ဒဏ်ရာရှိခဲ့

EPN
အောက်တိုတဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ၊ ရန်ကုန်-ပုသိမ်ကားလမ်းပေါ် တွင် အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီခွဲခန့်က ရွှေစင်စင်္ကြာ ခရီးသည်တင်ကားနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုဖြစ်ပွား ကာတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း ကူညီကယ်ရေးဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေး အဖွဲ့တာဝန်ရှိသူထံမှသိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာရရှိသူ နှစ်ဦးသည် အိမ်စီးကားပေါ်မှ လိုက်ပါလာသည့်အမျိုးသား များဖြစ်ပြီး ဒဏ်ရာရရှိသူ နှစ်ဦးကို ပုသိမ်မြို့ပြည်သူ့ ဆေးရုံကြီးကို ပုသိမ်အခြေပြု ဘက်စုံလူမှုကူညီရေးအဖွဲ့မှ ကားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ အောက်တိုဘာ ၂၃ ရက် ည ၆ နာရီခွဲခန့်က ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာအနီး၊ ရန်ကုန်- ပုသိမ် ကားလမ်း ၊ မိုင်တိုင် အမှတ် ၁၀၆/၆ နှင့် ၁၀၆/၇ ကြားတွင် ရွှေဇင်စင်္ကြာခရီးသည်တင်ကားမှ လမ်းလျှောက် လာသည့် လူကိုတိမ်းရှောင်ရင်း မျက်နှာချင်းဆိုင် မောင်းလာသည့် အိမ်စီးကားတစ်စီးကိုဝင်တိုက်မိခဲ့ခြင်း ဖြစ်ပြီး ရွှေစင်စင်္ကြာခရီးသည်တင်ကားပေါ်တွင်လူ ၃ ဦး လိုက်ပါလာသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

”မနေ့က ဖြစ်တဲ့အချိန်ကလည်း မိုးတွေတစ်အား ရွာနေ တာ ၊ မိုးကလည်းချုပ်နေပြီး ၊ လူကိုရှောင်ရင်းနဲ့ ခရီးသည်တင်ကားနဲ့ အိမ်စီးကာ မျက်နှာချင်းဆိုင်တိုက်မိတာပါ ၊ ခရီးသည်တင်ကားကြီးက မျက်နှာချင်းဆိုင်လာတဲ့ အိမ်စီးကားကို ကိုဝင်တိုက်တာ ၊ အိမ်စီးကားပေါ်မှာပါလာတဲ့ သူ ၃ ဦးထဲက တစ်ဦးသေ တယ်၊ နှစ်ဦး ဒဏ်ရာရသွားတယ်၊ ဒဏ်ရာရရှိတဲ့သူ နှစ်ဦးကို ပုသိမ်ဆေးရုံကို ပို့ပေးထားခဲ့တယ်၊ အိမ်စီးကား လေးကလည်းကြေမွသွားတာပဲ ”ဟု ကူညီ ကယ်ရေး ဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။
ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိခဲ့သဖြင့်ဆေးကုသမှုခံယူ နေသည့် အမျိုးသား နှစ်ဦးသည်(မစိုးရိမ်ရ)ပဲယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှ ဥပဒေ နှင့်အညီစစ်ဆေးအမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ရန်ကုန် – ပုသိမ် ကားလမ်းပေါ်တွင် ယခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလကုန်ပိုင်းအထိ ၉ လအတွင်း ယာဉ်တိုက် မှု ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အဆင့်သာ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီ ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ၏ မှတ်တမ်းများ အရ သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။