Trending Now

ကုန်သွယ်ရေး သဘောတူညီချက်ကို မလိုက်နာရင် အကျိုးဆက်ကြီးမားမယ်လို့ အမေရိကန်က တရုတ်ကို သတိပေး

Spread the love

ကုန်သွယ်ရေး သဘောတူညီချက်ကို မလိုက်နာရင် အကျိုးဆက်ကြီးမားမယ်လို့ အမေရိကန်က တရုတ်ကို သတိပေး

EPN
နိုင်ငံတကာ၊ မေ ၅

တရုတ်နိုင်ငံက ယခုနှစ်အတွင်း အမေရိကန်နိုင်ငံနှင့်ရရှိခဲ့သည့် ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်ကို ထိန်းသိမ်းမည်ဟု မျှော်လင့်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်က ပြောကြားခဲ့ပြီး သဘောတူ ညီချက်ကို မထိန်းသိမ်းပါက အကျိုးဆက်များရှိမည်ဟု သတိပေးလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပြင် အဆိုပါဗိုင်းရပ်စ် ပျံ့နှံ့မှုနှင့်ပတ်သက်၍ အင်အားကြီးနှစ်နိုင်ငံကြား အ ငြင်းပွားမှုတစ်ရပ်ကြောင့် ကမ္ဘာ့ကုန်သွယ်မှု သိသိသာသာ ကျဆင်းနေစဉ် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက လာမည့်နှစ်နှစ်အတွင်း ဒေါ်လာ ၂၀၀ ဘီလီယံတန်ကြေးရှိ အမေရိကန်လုပ်ကုန်စည်များ ဝယ်ယူရမည့် ကတိကဝတ်တစ်ခုပါရှိသည့် နှစ်နှစ်နီးပါးကြာ ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်စေမည့် သဘောတူညီ ချက်တစ်ရပ်ကို အမေရိကန်နှင့် တရုတ်နိုင်ငံက ဇန်နဝါရီလအတွင်း လက်မှတ်ရေးထိုးခဲ့သည်။
“ဒီသဘောတူညီချက်ကို လိုက်နာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သဘောတူညီချက်ကို မလိုက်နာ ဘူးဆိုရင် ဆက်ဆံရေးနဲ့ ကမ္ဘာ့စီးပွားရေးမှာ သိသာထင်ရှားတဲ့ အကျိုးဆက်တွေ ရှိလာပါလိမ့်မယ်” ဟု စတီဗင် မြူချင်က ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုအတွက် တရုတ်နိုင်ငံကို ပြစ်တင်ကာ စည်းကြပ်ခွန်များ တိုးမြှင့်မည်ဟု ခြိမ်းခြောက်မှုနှင့်အတူ မကြာသေးမီ သီတင်းပတ်များအတွင်း အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေး အေးစက်လာခဲ့သည်။

ဇန်နဝါရီလအတွင်း လက်မှတ်ရေးထိုးခဲ့သည့် ကုန်သွယ်ရေး သဘောတူညီချက်တွင် ကုန်ထုတ်လုပ်မှု ကဏ္ဍမှ ဒေါ်လာ ၇၇ ဒသမ ၇ ဘီလီယံ၊ စွမ်းအင်ကဏ္ဍမှ ဒေါ်လာ ၅၂ ဒသမ ၄ ဘီလီယံနှင့် စိုက်ပျိုးရေးထုတ်ကုန် ဒေါ်လာ ၃၂ ဘီလီယံ ထပ်ဆောင်းဝယ်ယူမှုများ ပါဝင်ခဲ့သည်။

အမေရိကန်နိုင်ငံက လက်ရှိအချိန်တွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေ ပြနေပြီး သဘောတူညီချက်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံကြား ကုန်သွယ်မှုဟန်ချက် ပြောင်းလဲရန်ဖြစ်သည်။

–ကိုးကား–
အေအက်ဖ်ပီ
Ref; US warns of ‘consequences’ if China abandons trade deal


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။