Trending Now

ရုရှားနိုင်ငံက ဂျိုးဘိုင်ဒန်ရဲ့ ဇနီးဖြစ်သူနဲ့ သမီးအပါအဝင် ၂၅ ဦးကို ပြည်ဝင်ခွင့် ထပ်မံပိတ်ပင်

Spread the love

ရုရှားနိုင်ငံက ဂျိုးဘိုင်ဒန်ရဲ့ ဇနီးဖြစ်သူနဲ့ သမီးအပါအဝင် ၂၅ ဦးကို ပြည်ဝင်ခွင့် ထပ်မံပိတ်ပင်
EPN
နိုင်ငံတကာ၊ ဇွန် ၂၉
ရုရှားနိုင်ငံက ဂျိုးဘိုင်ဒန်ရဲ့ ဇနီးဖြစ်သူနဲ့ သမီးအပါအဝင် အမေရိကန်နိုင်ငံသား ၂၅ ဦးကို ပြည်ဝင်ခွင့် ထပ်မံပိတ်ပင် လိုက်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ထပ်ခါတလဲလဲ ချမှတ်ခဲ့တဲ့ အရေးယူမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ နောက်ထပ် အမေရိကန်နိုင်ငံသား ၂၅ ဦးကို အခုလို ရုရှားနိုင်ငံအတွင်း ဝင်ရောက်ခြင်းကို အကန့်အသတ်မရှိပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဇနီးဖြစ်သူ ဂျေးလ်ဘိုင်ဒန် နဲ့ သမီးဖြစ်သူ အက်ရှလေဘိုင်ဒန်တို့ဟာလည်း ရုရှားက အမည်ပျက်စားရင်းသွင်းခံရသူတွေထဲက ထိပ်ဆုံးမှာ ပါဝင်နေတာပဲဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ စားရင်တွေအရ လက်ရှိမှာ မေရိကန်နိုင်ငံသား တစ်ထောင်ကျော်ကို ပြည်ဝင်ခွင့် ပိတ်ပင်ထားပြီး အဲဒီထဲမှာ အမေရိကန်သမ္မတ ၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ ပါဝင်ပါတယ်။
Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။