Trending Now

ဝိုင်းမော်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ် သိန်းတစ်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

ဝိုင်းမော်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ ကျပ် သိန်းတစ်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ သြဂုတ် ၁၈

ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာအနီး ဝါးရှောင် သွားလမ်းတွင် အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း တစ်ရာနီးပါးတန် ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့ နေ့လယ် ၂ နာရီ ဝန်းကျင်က ဖမ်းဆီးရမိခဲ့ကြောင်း ဝိုင်းမော်မြို့မ ရဲစခန်း ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအနီး၊ ဝိုင်းမော်-ဝါးရှောင်သွားကားလမ်းတွင် ဘောမ်ယော် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား မူးယစ်သတင်းအရ ရပ်တန့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ ဘိန်းဖြူအလေးချိန် ၁၁၀ ဂရမ် (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၄၄ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၄၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဘောမ်ယော်၊ (၃၂)နှစ်၊ အား ဝိုင်းမော်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူ ထားရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။