Trending Now

ဂျပန်နိုင်ငံအနောက်ပိုင်းရှိ လူ ၉.၅ သန်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့

Spread the love

ဂျပန်နိုင်ငံအနောက်ပိုင်းရှိ လူ ၉.၅ သန်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

တိုင်ဖွန်း Nanmadol သည် တနင်္ဂနွေညပိုင်းက ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကို တစ်နာရီ မိုင် ၁၅၀ နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ဂျပန်နောက်ပိုင်းရှိ လူ ၉ သန်းကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုလှုံ နေထိုင်ကြရန် အစိုးရက တိုက်တွန်းထားသည်။

မုန်တိုင်းသည် ဒေသစံတော်ချိန် ည ၇ နာရီခန့်တွင် ၎င်း၏ ဗဟိုချက်သည် ကာဂိုရှီးမားအနီးသို့ ရောက်ရှိလာနေပြီး တစ်နာရီ မိုင် ၁၅၀ နီးပါးအထိ တိုက်ခတ်လျက်ရှိကာ ၂၄ နာရီအတွင်း အနောက်တောင်ဘက် ကျူရှူးဒေသ၏ အချို့နေရာများတွင် မိုးရေချိန် ၅၀၀ မီလီမီတာ (လက်မ ၂၀ အထိ) စံချိန်တင် ရွာသွန်းမှုနှင့် ရင်ဆိုင်နေရသည်။

ကာဂိုရှီးမား၊ မီယာဇာကီ၊ အိုတာ၊ ကူမာမိုတိုနှင့် ယာမာဂူချီ စီရင်စုများရှိ အိမ်ထောင်စု ၂၅၀,၀၀၀ ကျော်ရှိ လူပေါင်း ၅၃၀,၀၀၀ ခန့်အတွက် ဂျပန်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် သတိပေးချက်စကေးတွင် အမြင့်ဆုံး အဆင့် ၅ သတိပေးချက် ထုတ်ပြန်ထားသည်။

ကျူရှူး၊ ရှီကိုကူနှင့် ချူးဂိုကုဒေသများရှိ အဆင့် ၄ သတိပေးချက်ကြောင့် ထိခိုက်ခံစားရသည့် အိမ်ထောင်စု ၄.၂ သန်းကျော်တွင် စုစုပေါင်းလူ ၉ သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းခဲ့သည်။

တနင်္ဂနွေညနေပိုင်းအထိ မုန်တိုင်းဒဏ်ခံ ဒေသတစ်ဝန်းရှိ အိမ်ခြေ ၂၀၀,၀၀၀ နီးပါး လျှပ်စစ်မီးပြတ်တောက် သွား ကြောင်း utility ကုမ္ပဏီများက ပြောသည်။ ရထားများ၊ လေယာဉ်ပျံသန်းမှုများနှင့် ကူးတို့သင်္ဘောများကို မုန်တိုင်းဖြတ်သန်းချိန်အထိ ခရီးစဉ်များ
ဖျက်သိမ်းထားရပြီး ဈေးဆိုင်နှင့် ကုန်တိုက်များပါ ပိတ်ထားရသည်။

အဆိုပါ မုန်တိုင်းသည် ကုန်းတွင်းသို့ ချဉ်းကပ်လာစဉ် အနည်းငယ် အားပျော့သွားကာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၏ ပင်မကျွန်း အရှေ့မြောက်ဘက်သို့ ရွေ့လျားသွားမည်ဟု ခန့်မှန်းထားသည်။

— ကိုးကား —
NHK
Ref; 9.5 million people in western Japan ordered to evacuate

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။