Trending Now

ဇနီးဟောင်းကိုဓာတ်ဆီလောင်းပြီးမီးရှို့ခဲ့သည့်အမျိုးသားကိုထောင်ဒဏ်(၂၀)ချမှတ်

Spread the love

ဇနီးဟောင်းကိုဓာတ်ဆီလောင်းပြီးမီးရှို့ခဲ့သည့်အမျိုးသားကိုထောင်ဒဏ်(၂၀)ချမှတ်

EPN
ရန်ကုန်၊ ဧပြီ ၉

ဇနီးဟောင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့သည့် အမျိုးသားကို ဧပြီလ ၈ ရက်က ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်အနှစ် (၂၀)အမိန့်ချမှတ်ခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် တရာခံအမျိုးသားသည် ကွာရှင်းထားသည့် ဇနီးဟောင်း ဖြစ်သူ မလွင်မာဦး နေအိမ်မှ ကားဘော်ဒီရုံတစ်ခုသို့ အတင်း အဓမ္မ သွားရောက်ခေါ်ဆောင်သွားပြီးနောက် မလွင်မာဦးကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးရှှို့ခံရမှုကြောင့် မလွင်မာဦးမှာ ဆေးရုံတက်ပြီး ဆေးဝါးကုသမှုခံယူနေသော်လည်း ပြင်ထန်းစွာ ဒဏ်ရာရရှိခဲ့မှုကြောင့် ဆေးရုံတက်ပြီး တစ်လမပြည့်ခင်၌ပင် သေဆုံးသွားကြောင်း သိရသည်။

သို့ဖြစ်၍ တရာခံ အမျိုးသားအား ပုဒ်မ ၃၂၆၊ ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ယမန်နေ့က တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရာခံအမျိုးသားနှင့် မလွင်မာဦးတို့မှာ ၂၀၁၉ ခုနှစ်တွင် တရားဝင်ကွာရှင်းပြတ်ဆဲထား ခြင်းဖြစ်ပြီး၊ သေဆုံးသူ မလွင်မာဦးတွင် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။