Trending Now

Kaung For You တွင် ပါဝင်ခဲ့သည့် ဆရာ/မ များအနေဖြင့် သက်ဆိုင်ရာများသို့ အကြောင်းကြားကာပါက အေးချမ်စွာ နေထိုင်နိုင်ရေးအတွက် အာမခံချက်ပေးမည် ဟု န.စ.က ထုတ်ပြန်

Spread the love

Kaung For You တွင် ပါဝင်ခဲ့သည့် ဆရာ/မ များအနေဖြင့် သက်ဆိုင်ရာများသို့ အကြောင်းကြားကာပါက အေးချမ်စွာ နေထိုင်နိုင်ရေးအတွက် အာမခံချက်ပေးမည် ဟု န.စ.က ထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၆

Kaung For You တရားမဝင်ပညာသင်ကြားမှုတွင် ပါဝင်ခဲ့သည့် ဆရာ/မ များအနေဖြင့် လာမည့် သြဂုတ်လ ၇ ရက်နေ့အားနောက်ဆုံးထားရှိပြီး သက်ဆိုင်ရာများသို့အကြောင်းကြားပါက နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာ တရားမဝင် ပညာသင်ကြားမှုတွင် ပါဝင်ခဲ့ကြသည့်ဆရာ/မ များအနေဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်ဖြတ်သန်းနိုင်ရေးနှင့် နိုင်ငံတော်၏လူသားအရင်းမြစ်များ မလိုလားအပ်ပဲ ဆုံးရှုံးမှု မရှိစေရေးအတွက် နိုင်ငံတော်မှ သဘောထားကြီးစွာဖြင့် ပြန်လည် လက်ခံပေးရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Kaung For You အဖွဲ့များသည် အစိုးရ၏ ပညာရေးစနစ်အား ပျက်ပြားစေရန်ရည်ရွယ်၍ NUG အဖွဲ့ဝင်များမှ ဦးဆောင်ပြီး တရားမဝင် Online စနစ်ဖြင့် စာသင်ကြားမှုများကို စီစဉ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းတရားမဝင်online စနစ်ဖြင့်ပညာသင်ကြားပေးနေသည့်ဆရာ အချို့ကို ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းမြို့နယ် လှည်းရိုးရပ်ကွက်ရှိ ပြည့်တန်ဆာအခန်းတွင် အမျိူးသမီးများနှင့် ပျော်ပါးနေချိန် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါဖမ်းဆီးခံရသည့်တရားခံများ၏ ထွက်ဆိုချက်များအရ စစ်ဆေးပေါ်ပေါက်ချက်များ အပေါ်အခြေခံပြီး kaung for you federal private school တရားမဝင်စာသင်ကြားမှု အစီစဉ်တွင်ပါဝင်သည့် ဆရာ/မများ၊ ငွေကြေးထောက်ပံ့မှုများ၊ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းများအသေးစိတ်ကို န.စ.က မှရရှိထားပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အချို့သော kaung for you မှ ဆရာ/မများသည် မိမိတို့လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များအပေါ် အသိတရားဖြင့် ပြန်လည် ဆက်သွယ်လာမှုများလည်း ရှိပြီး ယင်းကဲ့သို့ ဆက်သွယ်လာသူများကို သတ်မှတ်စည်းကမ်းများနှင့် အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

ထို့အပြင် တရားမဝင်စာသင်ကြားမှုတွင် ပါဝင်ခဲ့ကြသည့် ကျောင်းသား/သူ များနှင့် ကျောင်းသား မိဘများကိုလည်း အရေးယူဆောင်ရွက်ခြင်းပြုလုပ်သွားမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။