Trending Now

ပူတာအိုတွင် ဆယ်ကျော်သက်အရွယ် ကလေး‌‌ ၅ ယောက် ပျောက်ဆုံးမှု တစ်ပတ်နီးပါးကြာမြင့်

Spread the love

ပူတာအိုတွင် ဆယ်ကျော်သက်အရွယ် ကလေး‌‌ ၅ ယောက် ပျောက်ဆုံးမှု တစ်ပတ်နီးပါးကြာမြင့်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဆယ်ကျော်သက်အရွယ် ကလေး‌‌ ၅ ယောက် ပျောက်ဆုံးမှုမှာ တစ်ပတ်နီးပါးအထိ ကြာမြင့်နေပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဉ်မှာ အသက် (၁၃)နှစ်ဝန်းကျင်ရှိ ကလေးငယ် ၅ ဦးမှာ အထက်ဆန်ဂေါင် ကျေးရွာမှ ပူတာအိုမြို့သို့ ဇန်နဝါရီ ၇ ရက်နေ့တွင် ဈေးဝယ်သွားကြရာမှ မိမိနေအိမ်သို့ ‌‌‌‌‌‌‌‌‌‌‌‌‌ယနေ့အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

” ကလေးတွေက ဟိုတစ်ပတ် တနင်္ဂနွေနေ့က ရွာကနေ ပူတာအိုကိုသွားလိုက်ကြတာ။ ငါးယောက်ပါတယ်။ ပစ္စည်းဝယ် သွားကြမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ သွားကြတာပါ။ အခုထိ အိမ်ပြန်မလာကြဘူး။ ဘယ်ရောက် နေကြမှန်းလည်း မသိကြဘူး ” ဟု ၎င်းကဆိုသည်။

အဆိုပါ ပျောက်ဆုံးနေသည့် ကလေးငယ်များမှာ မောင်ဖုန်မောင်ကေတီအွန်၊ မောင် ရားဝမ်ဖေဝမ်မောင် ရမ်ဖူးဖုန်၊ မောင်ဖုန်မလေဆင်၊ မောင်ဖရန်ကန်ဆင်အောင် တို့ဖြစ်ကာ အားလုံးမှာ အသက်(၁၃) နှစ်ဝန်းကျင်သာ ရှိကြသည့်အတွက် မိသားစုဝင်များ စိုးရိမ်ပူပန်နေကြပြီး၊ အဆိုပါကလေး ငယ်များကို တွေ့ရှိပါက (09257193010) သို့ ဆက်သွယ်အကြောင်းကြားနိုင်ရန် မိသားစုဝင်တစ်ဦးက မေတ္တာရပ်ခံ တောင်းဆိုထားသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။