Trending Now

အင်ဒိုနီးရှားက ဒေါ်လာ သန်း ၃၀၀ တန် တူရကီဒရုန်းတွေကို ဝယ်ယူခဲ့

Spread the love

အင်ဒိုနီးရှားက ဒေါ်လာ သန်း ၃၀၀ တန် တူရကီဒရုန်းတွေကို ဝယ်ယူခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၂

အင်ဒိုးနီးရှားနိုင်ငံက ဒါ်လာသန်း ၃၀၀ တန်ကြေးရှိတဲ့ ဒရုန်းအသစ် ၁၂ စင်းကို တူရကီလေကြောင်းအာကာသစက်မှုလုပ်ငန်းကနေ ဝယ်ယူခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ်လ ၁ ရက်နေ့မှာ ပြောကြားခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ ခေတ်မီစေဖို့ ရည်ရွယ်တဲ့ နောက်ဆုံးဝယ်ယူမှုဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နိုင်ငံ့လုံခြုံရေးအေဂျင်စီတွေရဲ့ လွန်ကဲတဲ့ အသုံးစာရိတ်ကို လျော့ချပြီး ကျန်းမာရေးဆိုင်ရာဘတ်ဂျက်ကို ထိန်းသိမ်းထားဖို့ သူ့ရဲ့အစိုးရအဖွဲ့ကို ဇူလိုင်လအတွင်းက သတိပေးခဲ့ပြီးနောက် အဆိုပါသဘောတူညီချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

တူရကီအခြေစိုက် Turkish Aerospace နဲ့ ဒရုန်းဝယ်ယူမှု သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့ပြီး ၃၂ လအတွင်း မောင်းသူမဲ့လေယာဉ်တွေကို ပို့ဆောင်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ ဇန်နဝါရီလအတွင်းကလည်း ကာကွယ်ရေးဝန်ကြီး ပရာဘော ဆူဘီရန်တို က Mirage 2000-5 တိုက်လေယာဉ် ၁၂ စင်းကို ဝယ်ယူဖို့ ဒေါ်လာသန်း ၈၀၀ နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး တိုက်လေယာဉ်တွေဟာ ဟောင်းလွန်းတယ်လို့ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ဖေဖော်ဝါရီလအတွင်းကလည်း Rafale ဂျက်တိုက်လေယာဉ် ၄၂ စင်းကို ဒေါ်လာ ၈.၁ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး ငွေပေးချေမှုကို နှစ်ပေါင်းများစွာအတွင်း အဆင့်အလိုက် ပေးချေသွားရမှာဖြစ်ပါတယ်။

၁၃၄.၃ ထရီလီယံ ရူပီယာ (ဒေါ်လာ ၈.၈၉ ဘီလီယံ) ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံရဲ့ စုစုပေါင်းဘတ်ဂျက်ကနေ အခုနှစ်အတွင်း အကြီးမားဆုံးခွဲဝေပေးထားကြောင်း အစိုးရအချက်အလက်တွေအရ သိရပါတယ်။

Ref; Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။