Trending Now

ဖားကန့်မြို့နယ်တွင် လူငယ်တစ်ဦးထံမှ ဘိန်းဖြူ ကာလတန်ဖိုး ကျပ်သိန်း ( ၂၉၀) ကျော်ဖမ်းဆီးရမိ

Spread the love

ဖားကန့်မြို့နယ်တွင် လူငယ်တစ်ဦးထံမှ ဘိန်းဖြူ ကာလတန်ဖိုး ကျပ်သိန်း ( ၂၉၀) ကျော်ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ မေလ ၁၂

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ယူမာကျေးရွာတွင် ယမန်နေ့ ( မေလ ၁၁)ရက်နေ့ ညနေ ၃ နာရီခွဲခန့်က လူငယ်တစ်ဦးထံမှ ဘိန်းဖြူ အလေးချိန် ( ၁.၁၈၈) ကီလိုဂရမ် ၊ ကာလ တန်ဖိုးငွေ ကျပ် သိန်း ( ၂၉၀)ကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ မေလ ၁၁ ရက်နေ့က ဖားကန့်မြို့နယ် မူးယစ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးသတင်းအရ ယူမာကျေးရွာရှိ ဂေါက်သီးလေ့ကျင့်ရေးကွင်းလမ်းကြားတွင် စောင့် ဆိုင်းနေစဉ် နမ္မဖြစ်ကျေးရွာဘက်မှ ဆိပ်မူကျေးရွာဘက် စီးနှင်းလာသည့် မော်တော်ဆိုင်ကယ် တစ်စီးထံမှာ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဆိုင်ကယ်၏ရှေ့ဂွကြား တွင် တင်ဆောင်လာသည့် ကြိမ်ခြင်းအတွင်း အဝါရောင်ပီနံအိတ်ဖြင့်ထုပ်၍ တိပ်/အနက်ရောင်ကြွပ်ကြွပ်အိတ်တို့ဖြင့် ပတ်ထားသည့် ရောင်စုံဆပ်ပြာခွက်များအတွင်း ဖြူ/ဝါရောင် အမှုန့် အလေးချိန် (၁)ခွက်လျှင် (၉)ဂရမ်ခန့်စီပါရှိသော (၁)ကဒ်လျှင် (၁၁)ခွက်စီပါ (၆)ကဒ်၊ စုစုပေါင်းဆပ်ပြာခွက်(၆၆)ခွက်၊ စုစုပေါင်းအလေးချိန် (၅၉၄)ဂရမ်နှင့် ဆိုင်ကယ်နောက်တွင် နိုင်လွန်ကြိုးဖြင့်ချည်၍ တင်ဆောင်လာသည့် ကြိမ်ခြင်းအတွင်း အဝါရောင်ပီနံအိတ်ဖြင့်ထုပ်၍ ပတ်ထားသည့် ရောင်စုံဆပ်ပြာ ခွက်များအတွင်း အလေးချိန် (၁)ခွက်လျှင် (၉)ဂရမ်ခန့်စီပါရှိသော (၁)ကဒ်လျှင် (၁၁)ခွက်စီပါ (၆)ကဒ်၊ စုစုပေါင်းဆပ်ပြာခွက်(၆၆)ခွက်၊ စုစုပေါင်းအလေးချိန် (၅၉၄)ဂရမ်ခန့်၊ စုစုပေါင်း ဘိန်းဖြူဆပ်ပြာခွက် (၁၃၂)ခွက်၊ စုစုပေါင်း အလေးချိန် (၁.၁၈၈) ကီလိုဂရမ် နှင့်စုစုပေါင်း ကာလ တန်ဖိုးငွေ ကျပ် သိန်း (၂၉၇) သိန်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဘိန်းဖြူများ သယ်ဆောင်လာသူ မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာနေ ကိုနေလင်း(ခ)အမောင်လေး ကို ဖားကန့်မြို့နယ် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ – ၁၉(က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။