Trending Now

SPIC/ACHC ကုမ္ပဏီမှ မြစ်ကြီးနား Covid-19 ကြိုတင်ကာကွယ်ရေးအတွက် စွမ်းဆောင်နေ

Spread the love

SPIC/ACHC ကုမ္ပဏီမှ မြစ်ကြီးနား Covid-19 ကြိုတင်ကာကွယ်ရေးအတွက် စွမ်းဆောင်နေ

EPN
မြစ်ကြီးနား၊ မတ် ၂၆

SPIC/ACHC ကုမ္ပဏီမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း Covid-19 ကြိုတင်ကာကွယ်ရေး အတွက်နှာခေါင်းစီး Mask များ၊ ပိုးသတ်ဆေးဗူးများ၊ လှူဒါန်းလျှက်ရှိပြီး ယမန်နေ့၊ မတ်လ ၂၅ ရက်နေ့၊ နေ့လယ်ပိုင်းက SPIC/ACHC ကုမ္ပဏီရုံးတွင် မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးရုံးအတွက် ကိုယ်အပူချိန်တိုင်းတာသည့် စက်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ကုမ္ပဏီ အနေနဲ့ မြစ်ကြီးနားမြို့မှာ Covid 19 ကြိုတင်ကာကွယ်ရေးအတွက် တတ်နိုင်တဲ့ ဘက်ကနေ ကူညီတဲ့သဘောပါ၊ ဒီနေ့မှာ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူးရုံးအတွက် ကိုယ်အပူချိန်တိုင်းတာတဲ့ စက် ၆ လုံး ပေးအပ်လှူဒါန်းခဲ့ပါတယ်” ဟု SPIC/ACHC ကုမ္ပဏီမှ မြစ်ကြီးနားရုံး ဒုတိယ တာ၀န်ခံ ဒေါ်ယဉ်ယဉ်က ဆိုသည်။

မြစ်ကြီးနားတွင် Covid 19 ကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစီး၊ ပိုးသတ်ဆေးများဝယ်ယူဖို့ ခက်ခဲနေချိန်တွင် SPIC/ACHC ကုမ္ပဏီက Covid-19 ကြိုတင်ကာကွယ်ရေးအတွက် စွမ်းဆောင်ပေးနေသည့်အတွက် ကျေးဇူးတင်ကြောင်း ပြည်သူတစ်ဦးက ယခုကဲ့သို့ပြောသည်။

“မြစ်ကြီးနားမှာ Covid 19 ကာကွယ်ရေး ပစ္စည်းတွေ ဝယ်ဖို့က မလွယ်တော့ဘူး၊ အခုလို ပြည်သူ့ဝန်ထမ်းတွေအတွက် နှာခေါင်းစီး Maskများ၊ ပိုးသတ်ဆေးဗူးများ လှူဒါန်းနေတာ မြင်တွေ့ရတော့ အရမ်းပဲ ဝမ်းသာပါတယ်၊ အဲ့ဒီကုမ္ပဏီကို ကျေးဇူးလဲ တင်ပါတယ်”ဟု မြစ်ကြီးနားမှ ပြည်သူ တစ်ဦးက ပြောသည်။

SPIC/ACHC ကုမ္ပဏီအနေနှင့် ပြီးခဲ့သည့် ရက်များကလည်း မြစ်ကြီးနားမြို့မရဲစခန်း၊ မြစ်ကြီးနားလေဆိပ်၊ ပြည်နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးရုံး စသည့် နေရာများတွင် နှာခေါင်းစီး Mask များ၊ ပိုးသတ်ဆေးဗူးများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဖြိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။