Trending Now

တစ်သျူးငှက်ပျောစိုက်ပျိုးစိုက်ပျိုးမှုကို ပိတ်သိမ်းလိုက်မည်ဆိုပါက လူမှုရေးပြသာနာ မြောက်များစွာ ရှိလာမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆို

Spread the love

တစ်သျူးငှက်ပျောစိုက်ပျိုးစိုက်ပျိုးမှုကို ပိတ်သိမ်းလိုက်မည်ဆိုပါက လူမှုရေးပြသာနာ မြောက်များစွာ ရှိလာမည်ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆို

EPN
မြစ်ကြီးနား၊ ဇူလိုင် ၅

ကချင်ပြည်နယ်တွင်း စိုက်ပျိုးနေသည့် တစ်သျူးငှက်ပျောစိုက်ပျိုးမှုများကို ပိတ်သိမ်းလိုက်မည်ဆိုပါက နောက်ဆက်တွဲ လူမှုရေးပြသာနာစွာရှိလာမည် ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပြောဆိုလိုက်သည်။

ယနေ့ (ဇူလိုင် ၅)ရက်နေ့က မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမတွင် ပြုလုပ်ခဲ့သည့် ကချင်အစိုးရအဖွဲ့ တတိယ တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲ၌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီတစ်သျူးငှက်ပျောစိုက်ပျိုးမှုဟာ တရား မဝင်ဘူးဆိုတာသိတယ်။ တွေ့တယ်။ အဲ့ဒါကိုကျွန်တော်တို့အစိုးရအနေနဲ့ အမျိုးမျိုးစဉ်းစားတယ်။ ပိတ်သိမ်းလိုက်မလားပေါ့။ ပိတ်သိမ်းလိုက်ရင် နောက်ဆက်တွဲအကျိုးဆက်က ဘာတွေဖြစ်လာမလဲ ဒါကြောင့်ပိတ်သိမ်းလိုက်မယ်ဆိုရင် အရင်တုန်းကခွင့်ပြုပြီး အခုခွင့်မပြုဘူးဆိုရင် လူမှုရေးပြသာနာတွေ အများကြီးဖြစ်လာနိုင်တယ်။”ဟု ကချင်ပြည်နယ်ဝန်ကြီချုပ်က ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်အတွင်း တစ်သျူးငှက်ပျောစိုက်ခင်းများတွင် ဝင်ရောက်လုပ်ကိုင်စားသောက်နေသည့် ပြည်သူများရှိနေပြီး ပိတ်သိမ်းမည်ဆိုပါက ဒေသခံပြည်သူများ အလုပ်လက်မဲ့ဖြစ်ကာ ခိုးဆိုးလုယက်မှုပြသာနာများ မြောက်များစွာဖြစ်ပွားလာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့သည်။

ဒေသခံပြည်သူများအနေဖြင့် တစ်သျူးငှက်ပျောစိုက်ပျိုးသည့်နေရာတွင် ဓာတ်မြေသြဇာများ အလွန်အကျွံအသုံးပြုမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများရှိနေကြောင်း ပြောဆိုနေကြသော်လည်း လက်ရှိ တစ်သျူး ငှက်ပျောစိုက်ခင်းများတွင် ဓာတ်မြေသြဇာ အလွန်အကျွံအသုံးပြုမှုမရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။ 

၂၀၁၆ -၂၀၁၇ခုနှစ်အတွင်း ကောက်ယူထားသော စာရင်းအရ ကချင်ပြည်နယ်အတွင်း တစ်သျူး ငှက်ပျောစိုက်ဧက ၆၃၀၀၀ ကျော်ရှိနေပြီး လက်ရှိအချိန်ထိ ကုမ္ပဏီပေါင်း (၃၀)ကျော်ခန့် စိုက်ပျိုးနေကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။