Trending Now

တာချီလိတ်မြို့နယ်တွင်  အမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

တာချီလိတ်မြို့နယ်တွင်  အမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊မတ်လ ၂၅ (၂၀၂၄)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင်  အမျိုးသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများကို မတ်လ ၂၄ ရက်နေ့၊ ညနေ ၄ နာရီအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ ယန်းခေါင်ကျေးရွာနေ စက်၀င်း၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် ၁၄ သိန်း)နှင့် ဘိန်းဖြူ အလေးချိန် ၃၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် ၅ ဒဿမ ၄ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ မတ်လ ၂၄ရက်နေ့၊ ညနေ ၅နာရီချိန်က အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသူ တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာနေ လီယောင် (ခ)အလီ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ် ၄၆၂ သိန်း)အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ စက်၀င်း (၃၆)နှစ်နှင့် လီယောင် (ခ)အလီ တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး၊ ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။