Trending Now

အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံကြောင့် ဇင်ဘာဘွေသမ္မတက ကျန်းမာရေးဝန်ကြီးကို ရာထူးထုတ်ပယ်

Spread the love

အကျင့်ပျက်ချစားမှု အရှုပ်တော်ပုံကြောင့် ဇင်ဘာဘွေသမ္မတက ကျန်းမာရေးဝန်ကြီးကို ရာထူးထုတ်ပယ်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၈

ကိုဗစ်-၁၉ ဆေးဝါးပစ္စည်းများ ဝယ်ယူသည့် အမေရိကန်ဒေါ်လာ သန်း ၆၀ တန် သဘောတူညီချက်တစ် ရပ်နှင့်ပတ်သက်၍ အကျင့်ပျက်ချစားမှု စွဲချက်များရင်ဆိုင်နေရသည့် ကျန်းမာရေးဝန်ကြီး အိုဘာဒီယာမိုယိုအား ဇင်ဘာဘွေသမ္မတ အမ်မာဆင်မန်ဂါဂွာက ဇူလိုင်လ ၇ ရက်တွင် ရာထူးမှထုတ်ပယ်ခဲ့သည်။

ပွင့်လင်းမြင်သာသော တင်ဒါလုပ်ငန်းစဉ် မဆောင်ရွက်ဘဲ ကုမ္ပဏီနှစ်ခုသို့ ကန်ထရိုက်စာချုပ်များ ပေး အပ်ခဲ့မှုကြောင့် ဝန်ကြီး အိုဘာဒီယာအား ပြီးခဲ့သည့်လက ဖမ်းဆီးခဲ့သည်။

အစိုးရအဖွဲ့ဝင်တစ်ဦးအတွက် လျော်ကန်သင့်မြတ်မှုမရှိသော ဆောင်ရွက်ချက်များကြောင့် ဇင်ဘာဘွေ သမ္မတနိုင်ငံ သမ္မတက အိုဘာဒီယာအား အစိုးရအဖွဲ့ရုံးမှ ဖယ်ရှားလိုက်ကြောင်း သမ္မတရုံးနှင့် အစိုးရအဖွဲ့ရုံး အတွင်းရေးမှူး မီရှက်ခ်စီဘန်ဒါက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

အိုဘာဒီယာမှာ ပြီးခဲ့သောတစ်နှစ်အတွင်း အဂတိလိုက်စားမှုကြောင့် ဖမ်းဆီးခံခဲ့ရသော သမ္မတ အမ်မာ ဆင်မန်ဂါဂွာ အစိုးရလက်ထက်အတွင်း ဒုတိယမြောက်ဝန်ကြီးဖြစ်သည်။

သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းများက လစာငွေများကို အမေရိကန်ဒေါ်လာဖြင့်ပေးချေရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေကြစဉ် ကျန်းမာရေးဝန်ကြီးကို ရာထူးမှထုတ်ပယ်ခြင်းဖြစ်သည်။
ဇင်ဘာဘွေနိုင်ငံတွင် ဇူလိုင်လ ၆ ရက်အထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာ ၇၃၄ ဦး၊ သေဆုံး သူ ကိုးဦးနှင့် ပိုးကင်းစင်သူ ၁၉၇ ဦးရှိကြောင်း သိရသည်။

–ကိုးကား–
ဆင်ဟွာ
Ref; Zimbabwean president fires health minister over corruption scandal


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။