Trending Now

အင်္ဂလန်ဘုရင်မကြီး သေဆုံးတာကို ဝမ်းမြောက်ပျော်ရွင်စွာ ဂုတ်ပြုခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင် ဖမ်းဆီးခံရ

Spread the love

အင်္ဂလန်ဘုရင်မကြီး သေဆုံးတာကို ဝမ်းမြောက်ပျော်ရွင်စွာ ဂုတ်ပြုခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင် ဖမ်းဆီးခံရ

EPN

နိုင်ငံတကာ၊ စက်တင်ဘာ ၁၀

စကော့တလန် မြူရယ်အော့တ် မြို့မှာ ရှိတဲ့ ငါးကြော်ဆိုင်ပိုင်ရှင် ဂျက်ကီပစ်က် ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အင်္ဂလန်ဘုရင်မကြီးသေဆုံးတာကို ပျော်ရွင်ဝမ်းမြောက်စွာနဲ့ “ဘုရင်မသေပြီ၊ လန်ဒန်ရဲ့ တံတားကြီးပြိုလဲသွားပြီး” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ရှမ်ပိန်ပုလင်းကိုဖောက်ပြီး ပျော်ရွင်နေတဲ့ ဗီဒီယိုဖိုင်ကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ခဲ့ပါတယ်။

သူမရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက် စာမျက်နာမှာ ပျံ့နှံ့သွားခဲ့ပြီး လူအများစုရဲ့ ဒေါသတစ်ကြီးတုံ့ပြန်မှုတွေကို ရရှိပြီးနောက် သူမရဲ့ ဆိုင်အရှေ့အထိ လူစုလူဝေးကြီးရောက်ရှိလာကာ ဆိုင်ကိုပိတ်သိမ်းဖို့ ဒေါသတစ်ကြီး တောင်းဆိုခဲ့ကြပါတယ်။ တစ်ချို့က ဆိုင်ကို ကြက်ဥတွေ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

အဲ့ဒီနောက် ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လူစုလူဝေးကြီးဟာ ဆိုင်ပြတင်းပေါက်တွေကို ဖျက်ဆီးပြီး ဆိုင်အတွင်းကို အတင်းဝင်ရောက်ဖို့ ကြိုးပမ်းနေတာကြောင့် ညတွင်ချင်း ဆိုင်ပိုင်ရှင်ကို သွားရောက်ခေါ်ဆောင်ခဲ့ရပြီး ဆိုင်အနီးမှာလည်း ရဲတပ်ဖွဲ့ဝင်တွေကို အစောင့်ချထားခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဆိုင်ပိုင်ရှင်ဟာ သူမနဲ့ လုပ်ငန်းတူတွေ ရဲ့အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီး ဆိုင်ကိုလည်း ပိတ်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် လူမှုကွန်ရက်အသုံးပြုသူတွေ ကြားမှာ သူမကို အကြီးအကျယ်အပြစ်တင်နေတာတွေ ကတော့ ရပ်တန့်သွားခြင်းမရှိသေးပါဘူး။

— ကိုးကား —
dailymail
ref;Muir of Ord

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။