Trending Now

မြစ်ကြီးနားမြို့တွင် အခြေခံပညာ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

Spread the love

မြစ်ကြီးနားမြို့တွင် အခြေခံပညာ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

EPN
မြစ်ကြီးနား၊ မတ် ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် အခြေခံပညာ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို မတ်လ ၂၅ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ် ၂၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း နိုင်ငံရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြစ်ကြီးနားမြို့နယ်ပညာရေးမှူး ဒေါ်ကေသီဝင်းက အဖွင့်အမှာစကား ပြောကြားကာ သင်ကြားပို့ချသွားမည့် ဆရာ/ မများနှင့် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြစ်ကြီးနားမြို့နယ်အတွင်းရှိ အလယ်တန်းပြ ဆရာ/ မ (၇၀၀) ကျော်တက်လျက်ရှိကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။