Trending Now

သတ္မွတ္္ေဈးႏွင့္မေရာင္းခ်ေသာ ဝက္သားဆိုင္အား မိုးညႇင္းစည္ပင္မွ ေခၚယူသတိေပး

Spread the love

သတ္မွတ္္ေဈးႏွင့္မေရာင္းခ်ေသာ ဝက္သားဆိုင္အား မိုးညႇင္းစည္ပင္မွ ေခၚယူသတိေပး

EPN
မိုးညႇင္း-မတ္လ ၈

ကခ်င္ျပည္နယ္မိုးညႇင္းၿမိဳ႕၊ ၿမိဳ႕မေဈးႀကီးတြင္ ေလလံရ ဝက္ခံုပိုင္ရွင္ကုိ သတ္မွတ္ေဈးအတိုင္းမေရာင္းခ်သည့္အတြက္ စားသံုးသူမ်ားမွ မတ္လ(၇)ရက္ေန႔တြင္ မိုးညႇင္းစည္ပင္ထံ

တိုင္ၾကား ခဲ့သျဖင့္ ဝက္သားဆိုင္ပိုင္ရွင္ကုိ မိုးညႇင္းၿမိဳ႕နယ္စည္ပင္သာယာေရး႐ံုး၌ မတ္လ ၇ ရက္ က ပထမအႀကိမ္အျဖစ္ ေခၚယူသတိေပးခဲ့ေၾကာင္း သိရသည္။

မုိးညႇင္းၿမိဳ႕နယ္စည္ပင္သာယာေရး ႐ံုးခန္း၌ ေလ လံရဝက္ခံုပိုင္ရွင္ႏွင့္ ဝက္သားဝယ္ယူစားသံုးသူ တို႔ကို မ်က္ႏွာစံုညီေတြ႕ၿပီး တဖက္ႏွင့္ တဖက္ အဆင္ေျပေစရန္ ညိႇႏိႉင္းေဆြးေႏြး ေပးခဲ့ရာ လိုင္စင္ရ ဝက္ခံုပိုင္ရွင္ မွ ေနာက္ေနာင္ ဤကဲ့သို႔ မျပဴလုပ္မေရာင္းခ်ေတာ့ပါဟု ခံဝန္ကတိ လက္မွတ္ေရးထိုး ျခင္းျဖင့္ ကာယကံရွင္တိုင္ၾကားသူမွ ေက်နပ္ခဲ့သျဖင့္ ပထမအႀကိမ္ေခၚယူသတိေပးတဲ့အဆင့္အေနျဖင့္ သတိေပးခဲ့ျခင္းျဖစ္ေၾကာင္း မုိးညႇင္းၿမိဳ႕နယ္ စည္ပင္အမႈေဆာင္အရာရိွ ဦးဝင္းႏိုင္က သတင္းေထာက္မ်ားကုိ ရွင္းလင္း ေျဖ႕ၾကားခဲ့သည္။

အဆိုပါ တိုင္ၾကားျခင္းအတြက္ မိုးညႇင္းၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ႐ံုးခန္းတြ င္ ေကာ္မတီအဖြဲ႕ဝင္မ်ား တိုင္ၾကားသူမ်ားႏွင့္ ႏွစ္ဖက္ေတြ႕ဆံု ေျဖရွင္းေပးခဲ့ရာ စည္ပင္သာယာေရးေကာ္မတီ၏ ဆံုးျဖတ္ခ်က္အရ ရွယ္ထုတ္ထားေသာ အသားကို ေဈးတမ်ဴိးသတ္မွတ္မေရာင္းခ်ဘဲ အဆီအေခါက္အသား ညီမွ်ေအာင္ ထည့္သြင္းေရာင္းခ်ေစလိုေၾကာင္း ေနာက္ေနာင္လည္း ယခုကဲ့သို႔ မျဖစ္ေစလိုေၾကာင္း တိုင္ၾကားသူမွ ေျပာဆိုခဲ့ရာ ေရာင္းခ်သူဘက္မွ လက္ခံေၾကာင္း သေဘာတူညီမႈ႕ ရရိွခဲ့ၿပီး စည္ပင္သာယာေရးေကာ္မတီလူႀကီးမ်ားေရွ႕တြင္ ကတိခံဝန္လက္မွတ္အျဖစ္ ေရးထိုးခဲ့သည္ ဟု သိရသည္။

“သတ္မွတ္ေဈး က ဗီြႏိူင္းမွာေရးထားတယ္။ဝက္ခံုအဝင္ဝမွာလဲကပ္ထားတယ္။ဒါနဲ႔ပါတ္သက္ၿပီး မိုးညႇင္းၿမိဳ႕စားသံုးသူတစ္ေယာက္အေနနဲ႔ စည္ပင္အရာရိွ ကိုလည္း အႀကိမ္ႀကိမ္ဖုန္းဆက္ေျပာဘူးတယ္၊ စည္ပင္ေကာ္မတီ ဥကၠဌ ကိုလည္း အေၾကာင္းၾကားထားတာ အႀကိမ္ႀကိမ္၊ တရားဝင္တိုင္မွ သူတို႔က အေရးယူမယ္ဆိုလို႔ ဒီေန႔ ဝက္သားထုပ္နဲ႔သက္ေသျပၿပီး လာတိုင္တာ၊ သူတပါး စီးပြားေရးကို ပ်က္စီးပါေစဆိုတဲ့ စိတ္ရင္းနဲ႔ မဟုတ္ပါဘူး။စည္းကမ္းထုတ္ထားတဲ့အတိုင္း မေရာင္းခ်တဲ့အတြက္ တိက်တဲ့ စည္းကမ္း အတိုင္း လိုက္နာေရာင္းခ်ေစခ်င္တာပါ ဟု မိုးညႇင္းၿမိဳ႕နတ္ႀကီးကုန္းရပ္ကြက္ မွ ကိုေက်ာ္မိုး ကေျပာသည္။

လက္႐ွိမွာ ဝက္​သား​ေရာင္​း​ေစ်းတစ္ပိ​ိသာသတ္​မွတ္​​ေစ်းနႈန္​းသည္ အသား ၉၀၀၀-က်ပ္​၊အဆီအ​ေခါက္​အား အသား၏ ၇၅% ဝမ္​းတြင္​းသား၆၅% အရုိးအသား ၄၅% ျဖင္​့ ​ ၂၀၁၈ /၂၀၁၉ ခုနွစ္​ ​ေလလံ လုိင္​စဥ္ ၾကမ္​းခင္​းအျဖစ္​ ​ေလလံဆဲြစဥ္​အခါက တစ္​ပါတည္း သတ္​မွတ္​ထားၿပီျဖစ္​​ေၾကာင္​း၊ ထုိ​ေဖာ္​ျပပါအခ်က္​မ်ားနွင္​့အညီေရာင္​း ခ်သြားမည္​ဟုလည္​း သ​ေဘာတူစာခ်ဳပ္​တြင္​ လက္​မွတ္​ထုိး ထားသည္​ဟု မုိးညႇင္​းစည္​ပင္​အမႈ​ေဆာင္ အရာရိွ ဦးဝင္းႏုိင္ က ​ေျပာၾကားခဲ့သည္​။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ေလလံၾကမ္​းခင္​း​ေစ်းတြင္ ပါရိွသည့္ သတ္​မွတ္​တန္​ဘုိး ထက္​ ​ေရာင္​းခ်ပါက မုိးညႇင္​းၿမိဳ႕နယ္​ စည္​ပင္​သာ​ေရးရုံးအဖဲြ႕ ဖုန္​း(၀၇၄-၆၀၀၂၃)သုိ႔ ဆက္​သြယ္​တုိင္​ၾကားႏုိင္​ရန္​ ျပည္​သူအမ်ား ထံ ​မုိးညႇင္​းျမဳိ႕မ​ေစ်းႀကီး၌ ​ေၾကျငာ ဆုိင္​းဘုတ္​ ကပ္​ထား​ေၾကာင္​း၊ ​သတ္​မွတ္​​ေစ်းထက္​​ေက်ာ္​လြန္​​ေရာင္​းခ်ပါက ပထမအႀကိမ္​ သတိ​ေပးျခင္​း၊ ဒုတိယအႀကိမ္​ ဒဏ္​​ေငြ ဆယ္သိန္း​ေဆာင္​ခုိင္​းျခင္​းနွင္​့ တတိယ
အႀကိမ္​ လုိင္​စင္​ပါ ပိတ္​သိမ္​းသြားမည္ျဖစ္ေၾကာင္​း အား ဝက္ခံုေလလံပိုင္ရွင္အား သတိေပးစကား ေျပာၾကားခဲ့ရာ ပိုင္ရွင္ျဖစ္သူမွ လက္ခံေၾကာင္း ကတိခံဝန္လက္မွတ္ေရးထိုး ခဲ့ေၾကာင္း သိရသည္။

မိုးညႇင္းၿမိဳ႕နယ္စည္ပင္သာယာေရး႐ံုး၌ ၂၀၁၈/၂၀၁၉ ​ေလလံအိတ္​ဖြင္​့ နွင္​့အိတ္​ပိတ္​တင္​ဒါအတြက္​ ရပ္​ကြက္​မွဴးမ်ားမွတဆင္​့ အသိ​ေပးျခင္​း ယခင္​​ေလလံ လုိင္​စင္ သမား မ်ားထံ အသိ​ေပးအ​ေၾကာင္​းခဲ့ျခင္​းမ်ား ျပဳလုပ္​​ေပးခဲ့ၿပီး ပြင္​့လင္​းျမင္​သာစြာ မုိးညႇင္​းစည္​ပင္​ရုံး၌ သားသတ္လုပ္ငန္းလိုင္စင္ကို ​ေခၚယူခဲ့ေၾကာင္း ေလလံဆဲြ​ေသာ​ေန႔၌ က်ပ္​သိန္​း ၂၄၀၀ ျဖင္​့ တစ္​နွစ္​စာ သတ္​မွတ္​ၾကမ္​းခင္​း​ေစ်း အဆုိတင္​ထား​ေသာ္​လည္​း မည္​သူတစ္​ဦးတစ္​​ေယာက္​မွ ဝင္​​ေရာက္​ ဆဲြယူ သူမရွိ​ေသာ​ေၾကာင္​့ က်ပ္​သိန္​း ၁၅၀၀ျဖင္​့ တစ္​ဦးတည္းက လုိင္​စင္​ရ လုပ္​ကုိင္​ေနေၾကာင္း သိရသည္​။

မုိးျမင့္
————————–——————-
သတ်မှတ်ဈေးနှင့်မရောင်းချသော ဝက်သားဆိုင်အား မိုးညှင်းစည်ပင်မှ ခေါ်ယူသတိပေး

EPN

မိုးညှင်း-မတ်လ ၈

ကချင်ပြည်နယ်မိုးညှင်းမြို့၊ မြို့မဈေးကြီးတွင် လေလံရ ဝက်ခုံပိုင်ရှင်ကို သတ်မှတ်ဈေးအတိုင်းမရောင်းချသည့်အတွက် စားသုံးသူများမှ မတ်လ(၇)ရက်နေ့တွင် မိုးညှင်းစည်ပင်ထံ တိုင်ကြား ခဲ့သဖြင့် ဝက်သားဆိုင်ပိုင်ရှင်ကို မိုးညှင်းမြို့နယ်စည်ပင်သာယာရေးရုံး၌ မတ်လ ၇ ရက် က ပထမအကြိမ်အဖြစ် ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်စည်ပင်သာယာရေး ရုံးခန်း၌ လေ လံရဝက်ခုံပိုင်ရှင်နှင့် ဝက်သားဝယ်ယူစားသုံးသူ တို့ကို မျက်နှာစုံညီတွေ့ပြီး တဖက်နှင့် တဖက် အဆင်ပြေစေရန် ညှိနှိူင်းဆွေးနွေး ပေးခဲ့ရာ လိုင်စင်ရ ဝက်ခုံပိုင်ရှင် မှ နောက်နောင် ဤကဲ့သို့ မပြူလုပ်မရောင်းချတော့ပါဟု ခံဝန်ကတိ လက်မှတ်ရေးထိုး ခြင်းဖြင့် ကာယကံရှင်တိုင်ကြားသူမှ ကျေနပ်ခဲ့သဖြင့် ပထမအကြိမ်ခေါ်ယူသတိပေးတဲ့အဆင့်အနေဖြင့် သတိပေးခဲ့ခြင်းဖြစ်ကြောင်း မိုးညှင်းမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးဝင်းနိုင်က သတင်းထောက်များကို ရှင်းလင်း ဖြေ့ကြားခဲ့သည်။

အဆိုပါ တိုင်ကြားခြင်းအတွက် မိုးညှင်းမြို့နယ်စည်ပင်သာယာရေးကော်မတီရုံးခန်းတွ င် ကော်မတီအဖွဲ့ဝင်များ တိုင်ကြားသူများနှင့် နှစ်ဖက်တွေ့ဆုံ ဖြေရှင်းပေးခဲ့ရာ စည်ပင်သာယာရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ရှယ်ထုတ်ထားသော အသားကို ဈေးတမျိူးသတ်မှတ်မရောင်းချဘဲ အဆီအခေါက်အသား ညီမျှအောင် ထည့်သွင်းရောင်းချစေလိုကြောင်း နောက်နောင်လည်း ယခုကဲ့သို့ မဖြစ်စေလိုကြောင်း တိုင်ကြားသူမှ ပြောဆိုခဲ့ရာ ရောင်းချသူဘက်မှ လက်ခံကြောင်း သဘောတူညီမှု့ ရရှိခဲ့ပြီး စည်ပင်သာယာရေးကော်မတီလူကြီးများရှေ့တွင် ကတိခံဝန်လက်မှတ်အဖြစ် ရေးထိုးခဲ့သည် ဟု သိရသည်။

“သတ်မှတ်ဈေး က ဗွီနိူင်းမှာရေးထားတယ်။ဝက်ခုံအဝင်ဝမှာလဲကပ်ထားတယ်။ဒါနဲ့ပါတ်သက်ပြီး မိုးညှင်းမြို့စားသုံးသူတစ်ယောက်အနေနဲ့ စည်ပင်အရာရှိ ကိုလည်း အကြိမ်ကြိမ်ဖုန်းဆက်ပြောဘူးတယ်၊ စည်ပင်ကော်မတီ ဥက္ကဌ ကိုလည်း အကြောင်းကြားထားတာ အကြိမ်ကြိမ်၊ တရားဝင်တိုင်မှ သူတို့က အရေးယူမယ်ဆိုလို့ ဒီနေ့ ဝက်သားထုပ်နဲ့သက်သေပြပြီး လာတိုင်တာ၊ သူတပါး စီးပွားရေးကို ပျက်စီးပါစေဆိုတဲ့ စိတ်ရင်းနဲ့ မဟုတ်ပါဘူး။စည်းကမ်းထုတ်ထားတဲ့အတိုင်း မရောင်းချတဲ့အတွက် တိကျတဲ့ စည်းကမ်း အတိုင်း လိုက်နာရောင်းချစေချင်တာပါ ဟု မိုးညှင်းမြို့နတ်ကြီးကုန်းရပ်ကွက် မှ ကိုကျော်မိုး ကပြောသည်။

လက်ရှိမှာ ဝက်သားရောင်းဈေးတစ်ပိသာသတ်မှတ်ဈေးနှုန်းသည် အသား ၉၀၀၀-ကျပ်၊အဆီအခေါက်အား အသား၏ ၇၅% ဝမ်းတွင်းသား၆၅% အရိုးအသား ၄၅% ဖြင့် ၂၀၁၈ /၂၀၁၉ ခုနှစ် လေလံ လိုင်စဉ် ကြမ်းခင်းအဖြစ် လေလံဆွဲစဉ်အခါက တစ်ပါတည်း သတ်မှတ်ထားပြီဖြစ်ကြောင်း၊ ထိုဖော်ပြပါအချက်များနှင့်အညီရောင်း ချသွားမည်ဟုလည်း သဘောတူစာချုပ်တွင် လက်မှတ်ထိုး ထားသည်ဟု မိုးညှင်းစည်ပင်အမှုဆောင် အရာရှိ ဦးဝင်းနိုင် က ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လေလံကြမ်းခင်းဈေးတွင် ပါရှိသည့် သတ်မှတ်တန်ဘိုး ထက် ရောင်းချပါက မိုးညှင်းမြို့နယ် စည်ပင်သာရေးရုံးအဖွဲ့ ဖုန်း(၀၇၄-၆၀၀၂၃)သို့ ဆက်သွယ်တိုင်ကြားနိုင်ရန် ပြည်သူအများ ထံ မိုးညှင်းမြို့မဈေးကြီး၌ ကြေငြာ ဆိုင်းဘုတ် ကပ်ထားကြောင်း၊ သတ်မှတ်ဈေးထက်ကျော်လွန်ရောင်းချပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ငွေ ဆယ်သိန်းဆောင်ခိုင်းခြင်းနှင့် တတိယ
အကြိမ် လိုင်စင်ပါ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အား ဝက်ခုံလေလံပိုင်ရှင်အား သတိပေးစကား ပြောကြားခဲ့ရာ ပိုင်ရှင်ဖြစ်သူမှ လက်ခံကြောင်း ကတိခံဝန်လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်စည်ပင်သာယာရေးရုံး၌ ၂၀၁၈/၂၀၁၉ လေလံအိတ်ဖွင့် နှင့်အိတ်ပိတ်တင်ဒါအတွက် ရပ်ကွက်မှူးများမှတဆင့် အသိပေးခြင်း ယခင်လေလံ လိုင်စင် သမား များထံ အသိပေးအကြောင်းခဲ့ခြင်းများ ပြုလုပ်ပေးခဲ့ပြီး ပွင့်လင်းမြင်သာစွာ မိုးညှင်းစည်ပင်ရုံး၌ သားသတ်လုပ်ငန်းလိုင်စင်ကို ခေါ်ယူခဲ့ကြောင်း လေလံဆွဲသောနေ့၌ ကျပ်သိန်း ၂၄၀၀ ဖြင့် တစ်နှစ်စာ သတ်မှတ်ကြမ်းခင်းဈေး အဆိုတင်ထားသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက် ဆွဲယူ သူမရှိသောကြောင့် ကျပ်သိန်း ၁၅၀၀ဖြင့် တစ်ဦးတည်းက လိုင်စင်ရ လုပ်ကိုင်နေကြောင်း သိရသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။