Trending Now

ပခုက္ကူနယ်မှာ သိန်း ၁ ထောင်နဲ့ ပြန်ရွေးရန် ပြောဆိုထားတဲ့ ဗိုလ်မှူးဟောင်း တစ်ဦး သတ်ဖြတ်ခံရ

Spread the love

ပခုက္ကူနယ်မှာ သိန်း ၁ ထောင်နဲ့ ပြန်ရွေးရန် ပြောဆိုထားတဲ့ ဗိုလ်မှူးဟောင်း တစ်ဦး သတ်ဖြတ်ခံရ

EPN
ပခုက္ကူ ၊ စက်တင်ဘာ ၊ ၂၂

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပုခုက္ကူမြို့နယ် ၊ မန်ကျည်းကန်လမ်းခွဲနေရာမှာ မနေ့ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက ဗိုလ်မှူးဟောင်းတစ်ဦး ပြန်ပြေးဆွဲခံရပြီးနောက် ဒီနေ့မှာတော့ သတ်ဖြတ်ထားတဲ့ အလောင်းတွေ့ခဲ့ရတယ်လို့ ပခုက္ကူဒေသခံတွေဆီက သိရပါတယ်။

” အသတ်ခံထားရတဲ့ ရုပ်အလောင်းက စစ်တပ်က ဗိုလ်မှူးဟောင်း ဦးအောင်ထွန်းဖြစ်တယ် ၊ သူက လားရှိုးဇာတိဖြစ်ပြီး နေတာက ပခုက္ကူနယ်မှာဖြစ်တယ် ၊ လားရှိုးကနေ ပခုက္ကူကို ပြန်အလာ ခရီးသွားနေရင်း အခုလို အသတ်ခံရတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဗိုလ်မှူးငြိမ်း အောင်ထွန်း ဆိုသူဟာ ခရီးသွားနေရင်း အကြမ်းဖက်သမားတွေက ဖမ်းဆီးတာဖြစ်တယ် ၊ နောက်ပြီး သိန်း ၁ ထောင် ပေးရမယ်ဆိုလို့ ၊ သူ့မိန်းမက သိန်း ၁ ထောင်ရှာပြီးသွားပေးတယ် ၊ ဒါပေမယ့် ကိုအောင်ထွန်းဟာ အသတ်ခံထားရတဲ့ အလောင်းပဲပြန်ရခဲ့တာ ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး အင်တာနက် လူမှုကွန်ရက်ပေါ်မှာက လာရှိုးမြို့ကနေ ပခုက္ကူမြို့နယ် အနောက် ခြောက်ကန်ရွာကို ပြန်လာတဲ့ ဗိုလ်မှူး အောင်ထွန်း ဆိုသူကို ရဲစခန်း ၊ တရားရုံး နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့အတူ နေအိမ်မှာ ဒေသခံ PDF အဖွဲ့က အရှင်ဖမ်းဆီး ခဲ့တာလို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ ပခုက္ကူမြို့နယ် ၊ မြစ်ခြေမြို့ ၊ အမှတ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ ဦးဟိန်းကိုနဲ့ သူ့မိန်းမ မကြည်ကြည်မြင့် ဆိုတဲ့ လင်မယား ၂ ယောက်ကို အကြမ်းဖက်သမားတွေက နေအိမ်ထဲဝင်ရောက်ပြီး သတ်ဖြတ်သွားတာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။