Trending Now

တောင်ကိုရီးယားမှာ ရေကြီးမှုကြောင့် သေဆုံးသူ ဦးရေ ၃၉ ဦးအထိ ရှိလာ

Spread the love

တောင်ကိုရီးယားမှာ ရေကြီးမှုကြောင့် သေဆုံးသူ ဦးရေ ၃၉ ဦးအထိ ရှိလာ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၇

တောင်ကိုရီးယားနိုင်ငံမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၃၉ ဦးအထိ မြင့်တက်လာပြီး တောင်ကိုရီးယား သမ္မတ ယွန်းက ဆိုးရွားတဲ့ တုံ့ပြန်မှုတွေကို အပြစ်တင်လိုက်ပါတယ်။

ရက်ပိုင်းအတွင်း လူပေါင်း ၃၉ ဦး သေဆုံးခဲ့ရတာဟာ အာဏာပိုင်တွေက သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ သမ္မတယွန်းက ဇူလိုင်လ ၁၇ ရက်နေ့မှာ ပြစ်တင်ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၃၉ ဦး သေဆုံးခဲ့ပြီး ၉ ဦးပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Cheongcheong ပြည်နယ်အတွင်းက မီတာ ၄၃၀ အရှည်ရှိတဲ့ မြေအောက် ဥမင်လှိုဏ်ခေါင် အတွင်းမှာ ပိတ်မိနေတဲ့ ကား ၁၀ ကျော်နဲ့ လူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားတွေက ရုန်းကန်နေရဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

ဥမင်လိုဏ်ခေါင်းအတွင်းမှာ ပိတ်မိနေတဲ့ ဘတ်စ်ကားတစ်စီးက လူငါးဦးကို စနေနေ့က ကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၉ လောင်းကို အဆိုပါနေရာကနေ ဆွဲထုတ်နိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပေါ်နိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတိပေးခဲ့ပေမယ့် မြေအောက် ဥမင်လိုဏ်ခေါင်း ကားလမ်းတွေကို သွားလာခွင့် ပိတ်ပင်ဖို့ တာဝန်ရှိသူတွေက ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်ကတည်းက အန္တရာယ်ရှိတဲ့နေရာတွေကို ထိန်းချုပ်ဖို့နဲ့ ကြိုတင်ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ကျွန်တော်တို့ ထပ်ခါတလဲလဲ အလေးပေးဆောင်ရွက်ခဲ့ပေမယ့် သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုရဲ့ အခြေခံမူတွေကို နေရာမှန်မှာ မထားရှိဘူးဆိုရင် ပြည်သူတွေရဲ့ ဘေးကင်းမှုကို သေချာဖို့ ခက်ခဲမှာပါ” လို့ ယွန်းက ပြောပါတယ်။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။