Trending Now

ဖားကန့်​ မှော်ဝမ်းကြီးတွင် ​နေအိမ်ခြံဝန်းတစ်ခုအား မီး​​လောင်ကျွမ်းမှုဖြစ်​​ပေါ်

Spread the love

ဖားကန့်​ မှော်ဝမ်းကြီးတွင် ​နေအိမ်ခြံဝန်းတစ်ခုအား မီး​​လောင်ကျွမ်းမှုဖြစ်​​ပေါ် 

EPN
ဖားကန့်၊ဧပြီ ၁၇

ဖားကန့်မြို့နယ်၊​မှော်ဝမ်းရပ်ကွက်၊​မှော်ဝမ်းကြီး​မှော်​ကျေးရွာရှိ ​နေအိမ်ခြံဝင်းတစ်ခုအား ဧပြီလ (၁၆)ရက် ည (၇း၀၀)နာရီ အချိန်ခန့်က မီး လောင် ကျွမ်းသည့် ဖြစ်စဥ်တစ်ခု ဖြစ်​​ပေါ်ခဲ့​ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ​မှော်ဝမ်းကြီး​ကျေးရွာ​နေ ဦးဘရန်​အောင်၏ ​နေအိမ်​အောက်ထပ်တွင် အိမ်ခန်းဌား​နေထိုင်​သော ဦးမာလအိပ်ခန်းမှ မီးစတင်​​လောင် ကျွမ်းရခြင်းဖြစ်​ကြောင်း မှတ်တမ်းများတွင် ​ဖော်ပြပါရှိသည်။

အဆိုပါ မီး​လောင်ကျွမ်းမှု​ကြောင့် ယင်း​နေအိမ်ခြံဝင်းအတွင်း အိမ်ခန်းဌားရန်​ဆောက်လုပ်ထားရှိသည့် (၁၈×၁၈)​ပေ ပတ်လည် သွပ်မိုး၊ထရံကာပျဥ်ခင်း( ၂ )ထပ် အ​ဆောက်အဦး( ၁ ) လုံး၊( ၂၄×၈ )​ပေ ပတ်လည် သွပ်မိုး၊ထရံကာ၊​​​မြေစိုက်(၁)ထပ်အ​ဆောက်အဦး (၁)လုံး၊မီးဖိုဆောင် (၁)​ဆောင် မီး​လောင်ဆုံးရှုံးခဲ့ပြီး၊ဆုံးရှုံးမှု တန်ဖိုးစုစု​ပေါင်းမှာ (၁၀၅၀၀၀၀) ကျပ်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ မီး​လောင်မှု ဖြစ်ပွားရာသို့ မြို့နယ်ဌာနဆိုင်ရာအဖွဲ့၊​မော်ဝမ်းရပ်ကွက်အုပ်ချုပ်​ရေးအဖွဲ့၊ဖားကန့်မြို့မရဲစခန်းမှ ဒုရဲမှူး မင်း​ဇော် ဦးစီးတပ်ဖွဲ့ဝင်များ၊သ​​​​​န္ဓေ/အရန် မီးသတ်တပ်ဖွဲ့များ၊​ကျေးရွာ​နေပြည်သူများ စုစု​ပေါင်းအင်အား (၁၅၀)ဦးခန့်မှ မီးသတ်ယာဥ်(၅)စီး၊​ရေသယ်ယာဥ်( ၂ )စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည (၈း၀၀)နာရီအချိန်ခန့်မှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့​ကြောင်း သိရသည်။

အဆိုပါ မီး​လောင်မှု​ကြောင့် ဦးမာလ(၄၃)နှစ်(အိမ်ဌား)အား ပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့်အ​ရေးယူရန် စီစဥ်​ဆောင်ရွက်​နေ​ကြောင်းသိရပြီး၊မီး​လောင် ကျွမ်းမှု​ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ် ရာရရှိ​သေဆုံးမှုမရှိခဲ့​ကြောင်း သိရသည်။

သတင်း#​နောင်ရိုး
ဓါတ်ပုံ#ဖားကန့်မြို့နယ် အုပ်ချုပ်​ရေးမှူးရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။