Trending Now

ရုရှားက ဥရောပကို ထိုးနက်မှုအဖြစ် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်တောက်

Spread the love

ရုရှားက ဥရောပကို ထိုးနက်မှုအဖြစ် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်တောက်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၀

ရုရှားနိုင်ငံက ယခုလကုန်မှာ ဥရောပကို ဓာတ်ငွေ့တင်ပို့နေတဲ့ Nord Stream 1 ဓာတ်ငွေပိုက်လိုင်းကို သုံးရက်ကြာရပ်ဆိုင်းသွားမယ်လို့ နိုင်ငံပိုင် စွမ်းအင်ကုမ္မဏီ Gazprom က သြဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဥရောပဟာ စွမ်းအင်အကျပ်အတည်းအတွက် ယခုနှစ်ဆောင်းရာသီမတိုင်မီ ဓာတ်ငွေ့ဖြည့်တင်းဖို့ ရုန်းကန်နေရချိန်မှာ ရုရှားစွမ်းအင်ကုမ္မဏီက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ ဂျာမနီသွယ်တန်းထားတဲ့ Nord Stream 1 ဓာတ်ငွေပိုက်လိုင်းမှာ အသုံးပြုထားတဲ့ ကွန်ပရက်ဆာ ပြုပြင်ဖို့လိုအပ်နေတာကြောင့် ရပ်ဆိုင်းလိုက်တာလို့ Gazprom ကဆိုပါတယ်။

ဂျာမနီနိုင်ငံဟာ စက်မှုလုပ်ငန်းလည်ပတ်ဖို့အတွက် ရုရှားကဓာတ်ငွေ့ထောက်ပံမှုအပေါ် မီခိုနေရတာဖြစ်တဲ့အတွက် Gazprom ရဲ့ ရပ်ဆိုင်းမှုဟာ စွမ်းအင်မတည်မငြိမ်ဖြစ်မှုကို ပိုမိုနက်ရှိုင်းစေမှာဖြစ်သလို ငွေကြေးဖောင်းပွမှုတွေ နဲ့ စီးပွားရေးကျဆင်းမှုအန္တရာယ်ကို မြင့်တက်လာစေပါတယ်။

ဥရောပသမဂ္ဂက ရုရှားဟာ စွမ်းအင်ကို လက်နက်အဖြစ် အသုံးပြုတယ်လို့ စွပ်စွဲခဲ့ပြီး ရုရှားက အဆိုပါစွပ်စွဲချက်တွေကို ငြင်းဆိုကာ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို မတည်မငြိမ်ဖြစ်စေတယ်လို့ ဥရောပကို ပြန်စွပ်စွဲထားပါတယ်။

ဂျာမနီနိုင်ငံဟာ ရုရှားနိုင်ငံက သဘာဝဓာတ်ငွေ့ တင်သွင်းမှု အများဆုံး နိုင်ငံဖြစ်ပြီး ဥရောပစွမ်းအင် အကျပ်အတည်းရဲ့ အကြီးမားဆုံး သားကောင်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ရုရှားက ဓာတ်ငွေ့တင်ပို့မှုကို သိသိသာသာဖြတ်တောက်ခဲ့တဲ့နောက် အခြားနေရာတွေကနေ ပိုမိုမြင့်မားတဲ့ဈေးနဲ့ ဓာတ်ငွေ့ကို ဝယ်ယူနေရပါတယ်။

စွမ်းအင် ကုန်ကျစရိတ်တွေ တဟုန်ထိုးတက်လာတာကြောင့် ဂျာမနီနိုင်ငံရဲ့ စီးပွားရေးအပေါ် ပိုမိုကျယ်ပြန့်စွာသက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလှိုင်လအတွင်းမှာ ထုတ်ကုန်ကုန်ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

Gazprom ရဲ့ ဓာတ်ငွေ့ဖြတ်တောက်မှုတွေကြောင့် ဥရောပ ဓာတ်ငွေဈေးနှုန်းဟာ ငါးလတာကာလအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ပြီး အမေရိကန်ရဲ့ ဓာတ်ငွေဈေးနှုန်းကတော့ ၁ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။