Trending Now

ခရီးသည္ ၁၄၉ ဦး လုိက္ပါလာတဲ့ အီသီယုိပီးယားေလယာဥ္ပ်က္က်

Spread the love

ခရီးသည္ ၁၄၉ ဦး လုိက္ပါလာတဲ့ အီသီယုိပီးယားေလယာဥ္ပ်က္က်
EPN
ႏိုင္ငံတကာ, မတ္ ၁၀
အီသီယိုပီးယား ေလေၾကာင္းလုိင္းမွ ခရီးသည္ ၁၄၉ ဦး လုိက္ပါလာတဲ့ ေလယာဥ္ဟာ အီသီယိုပီးယားႏုိင္ငံ အက္ဒစ္ အယ္ဘာဘာၿမိဳ႕အနီးမွာဒီေန႔ ပ်က္က်သြားခဲ့တယ္လို႔ သိရပါတယ္။ အဆုိပါ ဘုိရင္း ၇၃၇ ေလယာဥ္ ဟာ အီသီယိုပီးယားႏုိင္ငံၿမိဳ႕ေတာ္

အက္ဒစ္အယ္ဘာဘာၿမိဳ႕မွ ကင္ညာႏုိင္ငံ ၿမိဳ႕ေတာ္ ႏိုင္ရိုဘီကို ပ်ံသန္းခ်ိန္မွာ ပ်က္က်သြားခဲ့တာျဖစ္ေၾကာင္း၊ ေလယာဥ္ပ်က္က်မႈအတြက္ စံုစမ္းရွာေဖြမႈေတြလုပ္ေနတယ္လို႔ အီသီယိုပီးယားေလေၾကာင္း တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။

အဆုိပါ ေလယာဥ္ေပၚမွာ ခရီးသည္ ၁၄၉ ဦး နဲ႔ ေလယာဥ္၀န္ထမ္း ၈ ဦး လုိက္ပါခဲ့ၿပီး အီသီယိုပီယား ဘုိလီ ေလဆိပ္မွ ပ်ံသန္းၿပီး မိနစ္ပိုင္းအၾကာမွာ ဆက္သြယ္မႈျပတ္ေတာက္ကာ ပ်က္က်သြားခဲ့ျခင္းျဖစ္ပါတယ္။ ေလယာဥ္ပ်က္က်မႈနဲ႔ပတ္သက္လို႔ အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႔တစ္ဖြဲ႔ကို ေစလြတ္ထားၿပီး ခရီးသည္ေတြကို ကယ္တင္ႏုိင္ဖုိ႔ ၾကိဳးပမ္းေနတယ္လို႔သိရပါတယ္။
ခရီးသည္အမည္မ်ားသိရွိဖုိ႔ ေဆာင္ရြက္ေနၿပီး ေလယာဥ္ပ်က္က်မႈေၾကာင့္ ေသဆံုး၊ ဒဏ္ရာရသူမ်ား စာရင္း လုပ္ေဆာင္ေနေၾကာင္း အီသီယိုပီးယား အာဏာပိုင္မ်ားကဆုိပါတယ္။
ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းအရင္းကိုမသိေသးဘဲ စံုစမ္းစစ္ေဆးမႈေတြလုပ္သြားမယ္လို႔ အီသီယုိပီးယားေလေၾကာင္းဌာန တာ၀န္ရွိသူမ်ားကေျပာပါတယ္။ ေလယာဥ္ေပၚမွာလုိက္ပါသြားတဲ့ခရီးသည္ေတြရဲ႕မိသားစုေတြနဲ႔ ေဆြးမ်ိဳးေတြကို ေလေၾကာင္းလုိင္း တာ၀န္ရွိသူေတြက ေလယာဥ္ပ်က္က်တဲ့အေၾကာင္းကို ဖုန္းဆက္အသိေပးထားပါတယ္။
———————————————–
ခရီးသည် ၁၄၉ ဦး လိုက်ပါလာတဲ့ အီသီယိုပီးယားလေယာဉ်ပျက်ကျ
EPN
နိုင်ငံတကာ, မတ် ၁၀
အီသီယိုပီးယား လေကြောင်းလိုင်းမှ ခရီးသည် ၁၄၉ ဦး လိုက်ပါလာတဲ့လေယာဉ်ဟာ အီသီယိုပီးယားနိုင်ငံအက်ဒစ် အယ်ဘာဘာမြို့အနီးမှာဒီနေ့ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဘိုရင်း ၇၃၇ လေယာဉ်ဟာ အီသီယိုပီးယားနိုင်ငံမြို့တော်အက်ဒစ်အယ်ဘာဘာမြို့မှ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီကို ပျံသန်းချိန်မှာပျက်ကျသွားခဲ့တာဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းရှာဖွေမှုတွေလုပ်နေတယ်လို့အီသီယိုပီးယားလေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ လေယာဉ်ပေါ်မှာခရီးသည် ၁၄၉ ဦး နဲ့ လေယာဉ်ဝန်ထမ်း ဦး လိုက်ပါခဲ့ပြီး အီသီယိုပီယားဘိုလီ လေဆိပ်မှပျံသန်းပြီး မိနစ်ပိုင်းအကြာမှာဆက်သွယ်မှုပြတ်တောက်ကာ ပျက်ကျသွားခဲ့ခြင်းဖြစ်ပါတယ်။ လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်လို့အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစေလွတ်ထားပြီး ခရီးသည်တွေကိုကယ်တင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။
ခရီးသည်အမည်များသိရှိဖို့ ဆောင်ရွက်နေပြီး လေယာဉ်ပျက်ကျမှုကြောင့်သေဆုံး၊ ဒဏ်ရာရသူများစာရင်း လုပ်ဆောင်နေကြောင်းအီသီယိုပီးယား အာဏာပိုင်များကဆိုပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုမသိသေးဘဲ စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမယ်လို့အီသီယိုပီးယားလေကြောင်းဌာန တာဝန်ရှိသူများကပြောပါတယ်။ လေယာဉ်ပေါ်မှာလိုက်ပါသွားတဲ့ခရီးသည်တွေရဲ့မိသားစုတွေနဲ့ဆွေးမျိုးတွေကို လေကြောင်းလိုင်းတာဝန်ရှိသူတွေက လေယာဉ်ပျက်ကျတဲ့အကြောင်းကိုဖုန်းဆက်အသိပေးထားပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။