Trending Now

မြစ်ကြီးနားမြစ်ရေ တစ်ရက်အတွင်း ၅ ပေကျော်မြင့်တက်

Spread the love

မြစ်ကြီးနားမြစ်ရေ တစ်ရက်အတွင်း ၅ ပေကျော်မြင့်တက်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြစ်ရေသည် တစ်ရက်အတွင်း ၅ ပေကျော်အထိ မြင့်တက်လာခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ထုတ်ပြန်ချက်အရသိရသည်။

မြစ်ကြီးနား မြစ်ရေသည် ယမန်နေ့ နံနက်ပိုင်းမှ ယနေ့ နေ့လည်ပိုင်းအထိ တိုင်းတာချက်များအရ ၆ ပေကျော်အထိ မြင့်တက်လာခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အရာရှိ ဦးနိုင်လင်းထွေးက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

“မြစ်ကြီးနားမြစ်ရေ အထက်ပိုင်းမိုးရေကြောင့်ဖြေးဖြေးချင်းဆက် မြင့်တက်နေပါတယ် လောလောဆယ်အနေအထားအရ ပြန်ကျ လိုက်ပြန်တက်လိုက်ဖြင့်ရှိနေပြီး နဲနဲကျပြီး များများ ပြန်တက်ဖြစ်နေပါမယ်” ဟု ဦးနိုင်လင်းထွေးက ပြောဆိုထားသည်။

အလားတူ ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ ရွှေကူ မြို့များအပါအဝင် ဧရာဝတီ မြစ်ရိုးတလျှောက်မြို့များအားလုံး၏ မြစ်ရေသည် ကချင်ပြည်နယ်အထက်ပိုင်းမိုးရွာသွန်းမှုများကြောင့် အတက်ဖက်သို့ဦးတည်နေကြောင်း သိရသည်။

လက်ရှိမြစ်ကြီးနား မြို့မြစ်ရေသည် စိုးရိမ်ရေအမှတ် သို့ရောက်ရှိရန် ၁၃ ပေခွဲကျော် အလိုမှာရှိနေသော်လည်း ဆက်လက်မြင့်တာလာနိုင်ကြောင်း မိုးလေဝသဌာနက အသိပေးထားသည်။

ဝလုံး
PHOTO – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန/ဦးနိုင်လင်းထွေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။