Trending Now

နိုင္​​ငံတကာဖိတ္​​ေခၚကရာ​ေတးၿပိဳင္​ပြဲတြင္​ ကခ်င္​ျပည္​နယ္​မွ​ ငါးဦးဝင္​​ေရာက္​ယွဥ္​ၿပိဳင္​မည္​

Spread the love

နိုင္​​ငံတကာဖိတ္​​ေခၚကရာ​ေတးၿပိဳင္​ပြဲတြင္​ ကခ်င္​ျပည္​နယ္​မွ​ ငါးဦးဝင္​​ေရာက္​ယွဥ္​ၿပိဳင္​မည္​

EPN
ျမစ္​ၿကီးနား၊မတ္​ ၂၅

ဂ်ပန္​ႏိုင္​ငံတြင္​ ျပဳလုပ္​က်င္​းပမည္​့ ႏိုင္​ငံတကာဖိတ္​​ေခၚ ကရာ​ေတးၿပိဳင္​ပြဲတြင္​ ကခ်င္​ျပည္​နယ္​အတြင္​းမွ ​ငါးဦးသြား​ေရာက္​ယွဥ္​ၿပိဳင္​မည္​ျဖစ္​​ေၾကာင္​းသိရသည္​။

အဆိုပါၿပိဳင္​ပြဲကို ဂ်ာပန္​ႏိုင္​ငံကအိမ္​႐ွင္​အျဖစ္​လက္​ခံကာ တိုဂ်ိ ဴ ၿမိဳ႕တြင္​ ယခုႏွစ္​ဧၿပီလ ၂၀ရက္​​ေန႔မွ ၂၁ရက္​​ေန႔အထိ ျပဳလုပ္​က်င္​းပမည္​ျဖစ္​ၿပီး အသက္​၅ႏွစ္​မွ ၁၆ ႏွစ္​အထိလူငယ္​မ်ား ပါဝင္​ယွဥ္​ၿပိဳင္​သြားမည္​ျဖစ္​ၿပီး ျမန္​မာႏိုင္​ငံမွ International Karate Organization (IKO)အဖြဲ႔ ဝင္​မ်ားဝင္​​ေရာက္​ယွဥ္​ၿပိဳင္​မည္​ျဖစ္​ရာ ကခ်င္​ျပည္​နယ္​မွ အတြင္​းမွ ​ငါးဦးဝင္​​ေရာက္​ယွၿပိဳင္​သြားမည္​​ျဖစ္​​ေၾကာင္​း YMCA အသင္​းအဖြဲ႔ မွကရာ​ေတး သင္​တန္​းနည္​းျပဆရာဦး ယာကုကဆိုသည္​။


“က​ေလး​ေတြက္ို​ေတာ့ ကြၽန္​​ေတာ္​တို႔ ​ေလ့က်င္​့​ေပး​ေနပါတယ္​။ အခု​ေနာက္​ပိုင္​း​ေတာ့ အမွတ္ယူၿပီး​ေတာ့မွ ကစားတဲ့နည္​း​ေတြပိုၿပီးသင္​ၾကား​ေပးတယ္​။​ေခါင္​းထိၿပီး​ေတာ့မွ အမွတ္​ယူတဲ့နည္​း​ေတြ​ေပါ့။အသက္​တူ​ေတြယွဥ္​ၿပိဳင္​ကစားမယ္​ဆို​ေပမယ္​့ တခ်ိ ဳ႕က အသက္​ငယ္​ၿပီး လူ​ေကာင္​ႀကီး​ေနတာ​ေတြရိွတယ္​ဒါ​ေၾကာင္​့ အဖက္​ဖက္​က​ေန ၿပီး​ေတာ့ သူတို႔ကိုလုပ္​​ေပးရတာ​ေပါ့”ဟု ဦးယာကုက​ေျပာသည္​။

သြား​ေရာက္​ယွဥ္​ၿပိဳင္​မည္​့ ၿပိဳင္​ပြဲဝင္​လူငယ္​ငါးဦးတြင္​ ယမန္​ႏွစ္​က ျပဳလုပ္​က်င္​းပသည္​့ စင္​ကာပူဖိတ္​​ေခၚ ကရာ​ေတးၿပိဳင္​ပြဲတြင္​ တတိယဆုရရိွထားသည္​့ ​ေမာင္​ဆင္​ဝါး​ေအာင္​၊ စစ္​​ေ႐ွာင္​စခန္​းမွ ​ေမာင္​ဂ်ာလွ၊ မဆိုင္​းႏူး၊ မဆန္​မိုင္​ႏူး ၊ေမာင္​ဆိုင္​းလ​ေ​အာင္​တို႔ ဝင္​​ေ႐ာက္​ယွဥ္​ၿပိဳင္​သြားမည္​ျဖစ္​​ေၾကာင္​း သိရသည္​။
ျမန္​မာႏိုင္​ငံအ​ေနျဖင္​့ ၁၆ႏွစ္​​ေအာက္​ လူငယ္​မ်ားအား ႏိုင္​ငံတကာ ကရာ​ေတးၿပိဳင္​ပြဲတြင္​ ၂၀၁၈ခုႏွစ္​ကစတင္​​ေစလႊတ္​ခဲ့ျပီး ယခုႏွစ္​တြင္​ ကခ်င္​ျပည္​နယ္​မွ ငါးဦး၊ ရန္​ကုန္​မွ ႏွစ္​ဦး စုစု​ေပါင္​း ၇ဦးသြား​ေရာက္​ယွဥ္​ၿပိဳင္​မည္​ျဖစ္​​ေၾကာင္​းသိရသည္​။

လြမ္​း​ေအာင္
———————————————–

နိုင်ငံတကာဖိတ်ခေါ်ကရာတေးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ငါးဦးဝင်ရောက်ယှဉ်ပြိုင်မည်

EPN
မြစ်ကြီးနား၊မတ် ၂၅

ဂျပန်နိုင်ငံတွင် ပြုလုပ်ကျင်းပမည့် နိုင်ငံတကာဖိတ်ခေါ် ကရာတေးပြိုင်ပွဲတွင် ကချင်ပြည်နယ်အတွင်းမှ ငါးဦးသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို ဂျာပန်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကာ တိုဂျိ ူ မြို့တွင် ယခုနှစ်ဧပြီလ ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး အသက်၅နှစ်မှ ၁၆ နှစ်အထိလူငယ်များ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ International Karate Organization (IKO)အဖွဲ့ ဝင်များဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ကချင်ပြည်နယ်မှ အတွင်းမှ ငါးဦးဝင်ရောက်ယှပြိုင်သွားမည်ဖြစ်ကြောင်း YMCA အသင်းအဖွဲ့ မှကရာတေး သင်တန်းနည်းပြဆရာဦး ယာကုကဆိုသည်။

“ကလေးတွေကိုတော့ ကျွန်တော်တို့ လေ့ကျင့်ပေးနေပါတယ်။ အခုနောက်ပိုင်းတော့ အမှတ်ယူပြီးတော့မှ ကစားတဲ့နည်းတွေပိုပြီးသင်ကြားပေးတယ်။ခေါင်းထိပြီးတော့မှ အမှတ်ယူတဲ့နည်းတွေပေါ့။အသက်တူတွေယှဉ်ပြိုင်ကစားမယ်ဆိုပေမယ့် တချိ ု့က အသက်ငယ်ပြီး လူကောင်ကြီးနေတာတွေရှိတယ်ဒါကြောင့် အဖက်ဖက်ကနေ ပြီးတော့ သူတို့ကိုလုပ်ပေးရတာပေါ့”ဟု ဦးယာကုကပြောသည်။

သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်လူငယ်ငါးဦးတွင် ယမန်နှစ်က ပြုလုပ်ကျင်းပသည့် စင်ကာပူဖိတ်ခေါ် ကရာတေးပြိုင်ပွဲတွင် တတိယဆုရရှိထားသည့် မောင်ဆင်ဝါးအောင်၊ စစ်ရှောင်စခန်းမှ မောင်ဂျာလှ၊ မဆိုင်းနူး၊ မဆန်မိုင်နူး ၊မောင်ဆိုင်းလအောင်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၁၆နှစ်အောက် လူငယ်များအား နိုင်ငံတကာ ကရာတေးပြိုင်ပွဲတွင် ၂၀၁၈ခုနှစ်ကစတင်စေလွှတ်ခဲ့ပြီး ယခုနှစ်တွင် ကချင်ပြည်နယ်မှ ငါးဦး၊ ရန်ကုန်မှ နှစ်ဦး စုစုပေါင်း ၇ဦးသွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။