Trending Now

ေလာ္ဘီဆန္ဆန္ လႈံ႕ေဆာ္မႈမ်ား ေရွာင္ရွားသင့္

Spread the love

ေလာ္ဘီဆန္ဆန္ လႈံ႕ေဆာ္မႈမ်ား ေရွာင္ရွားသင့္ 
EPN
အယ္ဒီတာအာေဘာ္ ( ၅.၅.၂၀၁၉)
ျမန္မာအစုိးရအေနနဲ႔ ျမစ္ဆုံစီမံကိန္းကုိ ဖ်က္သိမ္းလုိ္က္ရင္ တုိင္းျပည္ရဲ႕ ဂုဏ္သိကၡာနဲ႔ အစဥ္အလာကို ထိခုိက္မွာ စုိးရိမ္ေပမယ့္လည္း ျပည္တြင္းဖိအားေပးမႈေတြ၊ ကန္႔ကြက္မႈေတြေၾကာင့္ ဒီစီမံကိန္းကုိ အၿပီးအပုိင္ မဖ်က္သိမ္းရင္ေတာင္မွ ေျပာင္းလဲရမယ့္ အေနအထားရွိေနတယ္လုိ႔ ေဟာင္ေကာင္မွာ ထုတ္ေဝတဲ့ South China Morning Post သတင္းစာက ယခုရက္သတၱပတ္က ေဖၚျပေရးသားခဲ့ပါတယ္။
တရုတ္တကၠသုိလ္ ပါေမာကၡတစ္ဦးက ေရးသားခဲ့တဲ့ အဲဒီေဆာင္းပါးမွာ ဒီကိစၥနဲ႔ပတ္သက္ၿပီး သိပ္မၾကာခင္မွာ တိတိက်က် အေျဖထြက္လာမွာျဖစ္ေၾကာင္း ျမန္မာေခါင္းေဆာင္ေတြက ဒီစီမံကိန္းကို အေျပာင္းအလဲေတြ ျပဳလုပ္လုိတဲ့ လကၡဏာျပခဲ့ၿပီးျဖစ္ေၾကာင္း၊ ျမန္မာဝန္ႀကီး ဦးေသာင္းထြန္းက ျမန္ဆုံေရကာတာစီမံကိန္းအစား တျခားေနရာေတြမွာ အရြယ္အစားမတူတဲ့ ေရကာတာေတြေျပာင္းလဲ ေဆာင္ရြက္ဖုိ႔ ျမန္မာနဲ႔ တရုတ္ အာဏာပုိင္ေတြ ေဆြးေႏြးေနေၾကာင္း စသျဖင့္ ေျပာင္းလဲမယ့္ ကိစၥဟာ အမ်ားႀကီးျဖစ္ႏုိင္ေၾကာင္းလည္း ေရးသားထားပါတယ္။ ဒီေရးသားမႈဟာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ တရုတ္ႏိုင္ငံခရီးစဥ္အတြင္းမွာ ျမစ္ဆုံဆုံစီမံကိန္းႏွင့္ ပတ္သက္ၿပီး ေရပန္းစားေနတဲ့အခ်ိန္မွာ ေရးသားေဖၚျပခဲ့တာျဖစ္ပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ျမန္မာအစုိးရ အေနနဲ႔လည္း ျမစ္ဆုံစီမံကိန္းႏွင့္ ပတ္သက္ၿပီး ဘယ္လိုေဆာင္ရြက္မယ္ ဆိုတာကုိ ျပည္သူလူထုေတြကုိ ခ်ျပမယ္လုိ႔ေျပာပါတယ္။ ဒီလိုမ်ိဳး တာဝန္ရွိသူေတြက ျမစ္ဆုံစီမံကိန္းႏွင့္ ပတ္သက္ၿပီး ေျပာဆိုေဆြးေႏြးတဲ့အခ်ိ္န္မွာ ကန္႔ကြက္သူေတြ၊ ေဝဖန္သူေတြကလည္း အလြန္ပဲရွိေနတာကုိ ေတြ႔ရပါတယ္။ ဒီလို ေျပာဆုိေဝဖန္မႈေတြဟာ အစုိးရအတြက္ လုပ္ငန္းေဆာင္ရြက္ရာမွာ အေထာက္အကူျဖစ္ေစသလားဆုိတဲ့အခ်က္က အရမ္းအေရးႀကီးတဲ့အခ်က္ျဖစ္ပါတယ္။ အစုိးရရဲ႕ ဘယ္လုပ္ငန္းမဆုိ လူထုႏွင့္ အစုိးရမဟုတ္ေသာ အဖြဲ႔အစည္းေတြက ဟုတ္ခ်င္း မဟုတ္ခ်င္း ကို ေဝဖန္ေထာက္ျပရမွာျဖစ္သလို အဲလိုလုပ္ေဆာင္တဲ့အခါမွာလည္း အေကာင္အထည္ေဖၚေဆာင္ ရြက္ေနသူေတြအတြက္ အေထာက္အပံ့ျဖစ္ရန္အေရးႀကီးပါတယ္။ တခ်ိဳ႕က ဒီလုိ ဆူပူမႈေတြ၊ လူစိတ္ဝင္ စားမႈေတြကို အခြင့္ေကာင္းယူၿပီး အျပဳသေဘာမဟုတ္ဘဲ အပ်က္သေဘာေဆာင္ေနတာကို သတိထား မိပါတယ္။ 
အခု ျမစ္ဆုံစီမံကိန္းနဲ႔ ပတ္သက္ၿပီး လူအမ်ားက ေဝဖန္ေထာက္ျပေနၾကတာသည္ ျမန္မာႏိုင္ငံရွိ ျပည္ သူလူထုအတြက္ႏွင့္ ႏုိင္ငံဖြံ႕ၿဖိဳးတုိးတက္ေရးကို ေရးရႈၿပီးမွ ေျပာဆုိဖို႔ လိုအပ္ပါတယ္။ တခ်ိဳ႕ကေတာ့ မိမိ အက်ိဳးစီးပြားေရးလုပ္ငန္း အဆင္ေျပမႈမရွိမွာတစ္ခုတည္းနဲ႔ ကန္႔ကြက္ေနမယ္ဆိုရင္ေတာ့ အမ်ားအ တြက္ အက်ိးျဖစ္ထြန္းမယ့္ဟာကုိ က်ဆုံးေစပါတယ္။ 
ဒါေၾကာင့္ ဒီစီမံကိန္းႏွင့္ ပတ္သက္ၿပီး ဘယ္လိုဆုံးျဖတ္ေဆာင္ရြက္ရမလဲဆုိတာကုိ အဓိက ဆုံးျဖတ္ရ မွာသည္ ျမန္မာအစုိးရအေပၚမွာ မူတည္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲလို အျပဳသေဘာမေဆာင္ဘဲ အစိုးရကို အခက္ေတြ႔ေစတဲ့ ေလာ္ဘီဆန္ဆန္ေသြးထုိးလႈ႔ံေဆာ္မႈမ်ားကို ေရွာင္က်ဥ္သင့္ပါေၾကာင္း သိေစ လိုရင္း ေမတၱာျဖင့္ ေဖၚျပလိုက္ပါတယ္။
အယ္ဒီတာ
ထာဝရၿငိမ္းခ်မ္းေရးသတင္းကြန္ရက္
Eternally Peace News Network (EPN)
———————————————————-
လော်ဘီဆန်ဆန် လှုံ့ဆော်မှုများ ရှောင်ရှားသင့် 
 
EPN
အယ်ဒီတာအာဘော် ( ၅.၅.၂၀၁၉)

မြန်မာအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းလိုက်ရင် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ အစဉ်အလာကို ထိခိုက်မှာ စိုးရိမ်ပေမယ့်လည်း ပြည်တွင်းဖိအားပေးမှုတွေ၊ ကန့်ကွက်မှုတွေကြောင့် ဒီစီမံကိန်းကို အပြီးအပိုင် မဖျက်သိမ်းရင်တောင်မှ ပြောင်းလဲရမယ့် အနေအထားရှိနေတယ်လို့ ဟောင်ကောင်မှာ ထုတ်ဝေတဲ့ South China Morning Post သတင်းစာက ယခုရက်သတ္တပတ်က ဖေါ်ပြရေးသားခဲ့ပါတယ်။ 

တရုတ်တက္ကသိုလ် ပါမောက္ခတစ်ဦးက ရေးသားခဲ့တဲ့ အဲဒီဆောင်းပါးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သိပ်မကြာခင်မှာ တိတိကျကျ အဖြေထွက်လာမှာဖြစ်ကြောင်း မြန်မာခေါင်းဆောင်တွေက ဒီစီမံကိန်းကို အပြောင်းအလဲတွေ ပြုလုပ်လိုတဲ့ လက္ခဏာပြခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာဝန်ကြီး ဦးသောင်းထွန်းက မြန်ဆုံရေကာတာစီမံကိန်းအစား တခြားနေရာတွေမှာ အရွယ်အစားမတူတဲ့ ရေကာတာတွေပြောင်းလဲ ဆောင်ရွက်ဖို့ မြန်မာနဲ့ တရုတ် အာဏာပိုင်တွေ ဆွေးနွေးနေကြောင်း စသဖြင့် ပြောင်းလဲမယ့် ကိစ္စဟာ အများကြီးဖြစ်နိုင်ကြောင်းလည်း ရေးသားထားပါတယ်။ ဒီရေးသားမှုဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ မြစ်ဆုံဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ရေပန်းစားနေတဲ့အချိန်မှာ ရေးသားဖေါ်ပြခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာအစိုးရ အနေနဲ့လည်း မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်မယ် ဆိုတာကို ပြည်သူလူထုတွေကို ချပြမယ်လို့ပြောပါတယ်။ ဒီလိုမျိုး တာဝန်ရှိသူတွေက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြောဆိုဆွေးနွေးတဲ့အချိန်မှာ ကန့်ကွက်သူတွေ၊ ဝေဖန်သူတွေကလည်း အလွန်ပဲရှိနေတာကို တွေ့ရပါတယ်။ ဒီလို ပြောဆိုဝေဖန်မှုတွေဟာ အစိုးရအတွက် လုပ်ငန်းဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေသလားဆိုတဲ့အချက်က အရမ်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ အစိုးရရဲ့ ဘယ်လုပ်ငန်းမဆို လူထုနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတွေက ဟုတ်ချင်း မဟုတ်ချင်း ကို ဝေဖန်ထောက်ပြရမှာဖြစ်သလို အဲလိုလုပ်ဆောင်တဲ့အခါမှာလည်း အကောင်အထည်ဖေါ်ဆောင် ရွက်နေသူတွေအတွက် အထောက်အပံ့ဖြစ်ရန်အရေးကြီးပါတယ်။ တချို့က ဒီလို ဆူပူမှုတွေ၊ လူစိတ်ဝင် စားမှုတွေကို အခွင့်ကောင်းယူပြီး အပြုသဘောမဟုတ်ဘဲ အပျက်သဘောဆောင်နေတာကို သတိထား မိပါတယ်။ 

အခု မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လူအများက ဝေဖန်ထောက်ပြနေကြတာသည် မြန်မာနိုင်ငံရှိ ပြည် သူလူထုအတွက်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ရေးရှုပြီးမှ ပြောဆိုဖို့ လိုအပ်ပါတယ်။ တချို့ကတော့ မိမိ အကျိုးစီးပွားရေးလုပ်ငန်း အဆင်ပြေမှုမရှိမှာတစ်ခုတည်းနဲ့ ကန့်ကွက်နေမယ်ဆိုရင်တော့ အများအ တွက် အကျိးဖြစ်ထွန်းမယ့်ဟာကို ကျဆုံးစေပါတယ်။ 

ဒါကြောင့် ဒီစီမံကိန်းနှင့် ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်ဆောင်ရွက်ရမလဲဆိုတာကို အဓိက ဆုံးဖြတ်ရ မှာသည် မြန်မာအစိုးရအပေါ်မှာ မူတည်တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲလို အပြုသဘောမဆောင်ဘဲ အစိုးရကို အခက်တွေ့စေတဲ့ လော်ဘီဆန်ဆန်သွေးထိုးလှုံ့ဆော်မှုများကို ရှောင်ကျဉ်သင့်ပါကြောင်း သိစေ လိုရင်း မေတ္တာဖြင့် ဖေါ်ပြလိုက်ပါတယ်။

အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)
 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။