Trending Now

လုံးခင်းရပ်ကွက်၊ ကျောက်ဝိုင်းအနီး သေနတ်အတုဖြင့် ထောက်ကာ ကားလုယက်မှုဖြစ်ပွားခဲ့

Spread the love

လုံးခင်းရပ်ကွက်၊ ကျောက်ဝိုင်းအနီး သေနတ်အတုဖြင့် ထောက်ကာ ကားလုယက်မှုဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် ယမန်နေ့ စက်တင်ဘာလ (၁၃)ရက်နေ့ ည (၇)နာရီခွဲခန့်က လူငယ် (၃)ဦးမှ သေနတ် အတို (ပစ္စတို) အတု ဖြင့် ထောက်ကာ ကားလုယက်ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၅) အတွင်းရှိ ကျောင်းဝိုင်းအနီး(125) ဆိုင်ကယ်တစ်စီးနှင့် လူငယ် (၃)ဦး မှ ရောက်ရှိလာကာ လန်ခရူစာ ကားပေါ်ရှိ ကားပိုင်ရှင်အား ၊ သေနတ် အတို (ပစ်စတို) အတု ဖြင့် ချိန်းခြောက်ကာ လုယူထွတ်ပြေးသွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

“ ကားပိုင်ရှင်က ကားထွက်ဖို့လုပ်နေတာ ၊ ဆိုင်ကယ်တစ်စီးထဲကို လူ(၃)ယောက်စီးပြီး ရောက်လာကြတာ ၊သူတို့ ဝတ်စားပုံက ရေမဆေးသမားတွေလို့ပဲ ယူဆရတယ်၊ကားနားရောက်တော့ (၂)ယောက်က ဆင်းလာပြီး တစ်ယောက်က ကားသမားကို သေနတ်နဲ့ထောက်ထားပြီး တစ်ယောက်က မောင်းသွားတယ်၊ “ ဟု ၎င်းကပြောသည်။

အဆိုပါ ကားပိုင်ရှင်မှာ တရုတ် နိုင်ငံသားဖြစ်ကာ ၎င်း၏ နာမည် နှင့် လက်ရှိ နေရပ်လိပ်စာကို စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် အလားတူ သေနတ်ထောက်လုယက်သည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိပြီး စက်တင်ဘာလ (၁၂)ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု သင်္ဂဟ ရုံးအနီး သေနတ်ထောက်ကာ ကားတစ်စီးလုယက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။