Trending Now

မြိုင်မြို့နယ် တွင်းမရွာမှာ ကလေး ၂ ဦး အပါအဝင် လူ ၁၁ ဦး အသတ်ခံရပြီး ၊ ဒဏ်ရာရသူ ၁ ဒါဇင်ကျော်ရှိ

Spread the love

မြိုင်မြို့နယ် တွင်းမရွာမှာ ကလေး ၂ ဦး အပါအဝင် လူ ၁၁ ဦး အသတ်ခံရပြီး ၊ ဒဏ်ရာရသူ ၁ ဒါဇင်ကျော်ရှိ

EPN
မြိုင် ၊ သြဂုတ် ၉

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ တွင်းမရွာထဲမှာ ပစ်ခတ်တိုက်ခိုက်မှာတွေ ဖြစ်ပွားပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့က ဒေသခံ ရွာသားတွေကို ပစ်သတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် ရွာခံ လူ ၁၁ ဦး သေဆုံးပြီး ၊ ၁၂ ဦးဒဏ်ရာခဲ့တယ်လို့ မြိုင်မြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ရွာမှာက စစ်ကြောင်းအဖွဲ့ရှိတယ် ၊ သူတို့က ကျောင်းဘက်မှာနေတာပါ ၊ ၆ ရက် မနက် မိုးမလင်းခါနီး အချိန်လောက်မှာ ၊ ရွာကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝိုင်းထားပြီး သေနတ်တွေနဲ့ စပစ်တယ် ၊ ဖြစ်တာက တနေရာ ၊ စစ်ကြောင်းရှိတဲ့နေရာက တခြား ဖြစ်တယ် ၊ အဲ့ဒီအချိန်မှာ လူနေအိမ်တွေထဲကို အမည်မသိ လက်နက်ကိုင် အဖွဲ့က ဝင်ပစ်တာကြောင့် ၂ နှစ်အရွယ် ကလေး ၁ ဦး နဲ့ ၅ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင်း ရွာထဲက လူ ၁၀ ဦးသေတယ် ၊ အလယ်တန်းပြ ကျောင်းဆရာမကိုယ်တော့ သူတို့ဖမ်းခေါ်သွားကြတယ် ၊ အခုတော့ ဆရာမရဲ့ အလောင်းကို သုဿန်ထဲက ပြန်ရတယ် ” လို့ တွင်းမ ရွာခံ တယောက်က ပြောပါတယ်။

ဒါ့အပြင် အသက်မသေပဲ ကျည်ဆံထိမှန် ဒဏ်ရာရတဲ့ ရွာသား အရေအတွက်ဟာ ၁ ဒါဇင်ကျော်ရှိပြီး အဲ့ဒီအထဲက အနီရောင်အဆင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာ ၅ ဦးထက်မနည်း ရှိတယ်လို့ ကျန်းမာရေး လူပ်သားတွေဆီက သိရပါတယ်။

အဲ့ဒီ အပြင် တွင်းမရွာထဲမှာ စစ်ကြောင်းအဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ကြားပစ်ခတ် တိုက်ခိုက်ကြတဲ့အတွက် စစ်ကြောင်းဘက်က ဒုအရာခံဗိုလ် ၁ ယောက်နဲ့ တပ်ကြပ် ၁ ယောက်လည်း ကျည်ဆံထိမှန် ကျဆုံးခဲ့တယ်လို့ ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီအပြင် တွင်းမ ကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ဆိုသူလည်း ကျည်ဆံထိမှန် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်းကစလို့ အဲ့ဒီ မြိုင်မြို့နယ် ၊ တွင်းမရွာဘက်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ ဒေသခံ PDF တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ရွာထဲက လူနေအိမ်တွေကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာ EPN က အတည်ပြုနိုင်တာ မရှိပါဘူး။

ဒါ့အပြင် မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ဇွန်လကစလို့ ဒီနှစ် သြဂုတ်အထိ သေနတ်ထိမှန် သေဆုံးသူ ၇၀ ထက်မနည်းရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။